လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် လိစ်ဒ်ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် အာချီဂရေးကို စိတ်ဝင်စားရိပ် ပြသလာနေပါတယ်။

ကစားသမားဘဝကို ညာအစွန်ကနေ စတင်လာပြီး ကွင်းလယ်လူအဖြစ်လည်း ကစားနိုင်တဲ့ အာချီဂရေးဟာ ချယ်ဆီး ၃-၂ လိဒ်စ်ယူနိုက်တက်ပွဲမှာ ကိုင်ဆီဒိုတို့နဲ့ ယှဉ်ပြိုင်ကစားပြခဲ့သေးသူ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ မက်ကော်နယ်၊ ဘော်ဘီကလက်တို့လို ကြယ်ပွင့် ကွင်းလယ်လူတွေအပြင် ဘရတ်ဒလေလည်း ရှိနေပေမယ့် အာချီဂရေးရဲ့ တိုးတက်မှုဟာ မာဆေးဆိုဒ်ကလပ်ရဲ့ ကစားသမားခေါ်ယူရေးဌာနကို စိတ်လှုပ်ရှားမှုတွေ ပေးလာနေပါတယ်။

အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ဂရေးတို့ဟာ မိသားစုလိုက် လိဒ်စ်ယူနိုက်တက်အတွက် ကစားပေးခဲ့ကြသူတွေဖြစ်ကာ သူ့အဖိုး၊ သူ့အဖေနဲ့ သူ့ဦးလေးတို့တွေဟာ လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်ကြပါတယ်။

လိဒ်စ်ဘက်ကတော့ သူတို့အသင်းနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဂရေးမိသားစုဝင်ကို မြေတောင်မြောက်ပေးဖို့ ရည်ရွယ်ထားတယ်။ တပြိုင်နက်မှာပဲ ဂရေးအတွက် ပြောင်းရွှေ့ကြေးကိုလည်း ပေါင် သန်း ၄၀-၅၀ ဝန်ကျင်း စျေးသတ်မှတ်ထားပါတယ်။

အားကစားဒါရိုက်တာ မရှိသေးတဲ့ လီဗာပူးအသင်းဟာ ဒီနွေမှာ မန်နေဂျာသစ်နဲ့အတူ ကစားသမားသစ် အချို့ကိုလည်း ခေါ်ယူသွားမှာပါ။ ဂရေးလို ကြယ်ပွင့်ကို သဘောကျနေပေမယ့် ကလပ်ရဲ့ ဦးစားပေးဟာ ခံစစ်မှူးဖြစ်လာဖို့ ရှိနေပါတယ်။