မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးတို့ကတော့ ဒီတစ်ပတ် မန်ချက်စတာဒါဘီမှာ သွင်းဂိုးများမယ်လို့ ခန့်မှန်းလာပါတယ်။

ဒီတလော ဂွာဒီယိုလာရဲ့ အသင်းဟာ အချို့ပွဲတွေကို ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ပဲ အနိုင်ရနေတာဖြစ်ပါတယ်။ တစ်ဖတ်မှာ ယူနိုက်တက်ကတော့ ရလဒ်ပိုင်း မတည်ငြိမ်ပါဘူး။

နှစ်သင်း ထိပ်တိုက်တွေ့မှုဟာ ပရီးမီးယားလိဂ် အဆင့်ရပ်တည်ချက် အပေါ် သက်ရောက်မှုရှိလာနိုင်မယ် မျှော်လင့်မှုတွေလည်း ရှိနေကြပါတယ်။ သရဲနီဟောင်းတွေကတော့ ဒီပွဲမှာ ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်လာမယ် ထင်မှတ်ထားကြတယ်။

ရွိုင်ကိန်းကတော့ ပြတ်ပြတ်သားသးပဲ “ ၃-၁ ဖြစ်မှာပါ။ မန်စီးတီး ၃-၁ နဲ့ နိုင်မယ် ထားလိုက်ရအောင် ” လို့ ခန့်မှန်းခဲ့ပါတယ်။

ရွိုင်ကိန်းရဲ့ ခန့်မှန်းနောက်မှာ ဂယ်ရီနဗီးကလည်း “ ကျနော်လည်း ၃-၁ လိုပဲ ခန့်မှန်းပါတယ်။ အဲ့တာကပဲ အဆင်ပြေပါလိမ့်မယ်။ ယူနိုက်တက်တို့ သွင်းဂိုး ၁ ဂိုးရရင်တော့ သဘောကျမိမှာပဲ ” ဆိုပြီး ခန့်မှန်းသွားတာ ဖြစ်ပါတယ်။

တစ်သင်းက ပရီးမီးယားလိဂ်ဖလား တစ်သင်းက Top 4 ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေကြခြင်းဖြစ်ကာ မန်စီးတီးနဲ့ ယူနိုက်တက်ကြားမှာ ရမှတ်ကွာဟမှုက ၁၅ မှတ်ထိ ရှိနေတာပဲ ဖြစ်ပါတယ်။