မနေ့ညက ပွဲမှာ နော်တင်ဟမ် ဖောရက်စ်ကို လီဗာပူး က ၁-၀ နဲ့ အနိုင်ရသွားခဲ့ပေမယ့် ဒါဝင် နူးညက်စ်ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းပါတယ်လို့ ဒိုင်လူကြီးဟောင်း မက်ကလန်ဘတ်က ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

တိုက်စစ်မှုါ် ဒါဝင် နူးညက်စ်ရဲ့ ခေါင်းတိုက်ချက်ဟာ ဖောရက်စ်တို့ကို အသဲခွဲခဲ့သလို လီဗာပူးကိုလည်း အမှတ်ပေးဇယားမှာ ၄ မှတ်အသာဖြင့် ဦးဆောင်ခွင့်ရစေခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဖြစ်ရပ်မတိုင်ခင်မှာ လီဗာပူး နောက်ခံလူ ကိုနတေးက ဦးခေါင်းပိုင်း ထိခိုက်တဲ့ ပုံစံမျိုးနဲ့ ကွင်းထဲ လဲကျနေချိန် ဖောရက်စ် ကစားသမား အိုဒွိုင်းက ဘောလုံးရထားပေမယ့် ရပ်တန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြန်စချိန်မှာ လီဗာပူးကို ပြန်စကန်ခွင့်ပေးခဲ့ပြီး ပွဲရဲ့ အနိုင်ဂိုးက အဲ့ဖြစ်ရပ်ကနေ သွင်းဂိုး စတင်သွားခဲ့တာပါ။

ဒိုင်လူကြီးဟောင်း မက်ကလန်တန်ဘက်‘ ဥပဒေက ရှင်းပါတယ်။ ကွင်းထဲမှာ ဦးခေါင်းပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပွှားတယ်လို့ ဒိုင်လူကြီးက မြင်ခဲ့ရင် ပွဲကို ချက်ခြင်း ရပ်ထားနိုင်တယ်။ ဒါပေမယ့် ပွဲပြန်စတဲ့အခါ ဘောလုံးကို မူလ ဘောလုံးရထားတဲ့ အသင်းထံ ပြန်ပေးရပါမယ်။

ဒီပွဲမှာ နော်တင်ဟမ် ဖောရက်စ်က ဘောလုံး ရထားခဲ့တာပါ။ စစ်ဆေးအပြီးမှာ ဖောရက်စ်ကပဲ ဘောလုံးပြန်ရသင့်ပါတယ်။ ဒီပွဲမှာတော့ အဲ့လိုမဖြစ်ခဲ့ဘူးပေါ့။

လီဗာပူးက ဘောလုံးရသွားခဲ့ပြီး တိုက်စစ်ဆင် ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖောရက်စ်တို့ စိတ်ပျက်တာကို နားလည်ပေးလို့ရပါတယ်။ အနာဂတ်မှာတော့ သူတို့ ကံကောင်းပါစေ မျှော်လင့်ပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဖောရက်စ် အသင်း ပိုင်ရှင်ကတော့ ကွင်းထဲထိ ဆင်းလာပြီး ဒိုင်လူကြီးကို အငြင်းပွားခဲ့ပေမယ့် ကွင်းလယ်ဒိုင် တီရာနေးကတော့ အဝါကတ်ပြခဲ့ပါတယ်။