ဒီရာသီ ပရီးမီးယားလိဂ် ဖလား ရယူဖို့ လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ အပြိုင် အနေအထား ရှိနေချိန်မှာ အာဆင်နယ် ဒီရာသီ ဖလား ရသွားမလား ကတော့ ပွဲစဉ် တစ်ပွဲက အဆုံးအဖြတ် ဖြစ်လာမယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်ပါတယ်။

ရှက်ဖီး ယူနိုက်တက်ကို ၆-၀ နဲ့ အနိုင်ကန်ပြီးနောက် အာဆင်နယ်က ဂိုးကွာခြားချက်လည်း ရှေ့က နှစ်သင်းထက် အတော်သာသွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က လီဗာပူး၊ မန်စီးတီးတို့နောက်မှာ ရှိနေဆဲဆိုပေမယ့် အချိန်မရွေး ဇယားထိပ်ကို ရောက်သွားနိုင် ပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို ဒီရာသီ အာဆင်နယ် အောင်မြင်နိုင်မလား အတွက် အိုဝင်က အခုလို သုံးသပ်မှု လုပ်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင် က ” အာဆင်နယ်က သိပ်ကောင်းတဲ့ ရလဒ်တွေကို ယူလာနိုင်တာပါ။ အသင်းကောင်း အချို့ကိုလည်း သူတို့ အနိုင်ယူခဲ့ပါတယ်။ သူတို့ လီဗာပူး၊ အာဆင်နယ်နဲ့တကွ အသင်း အများအပြားကို ၂ ဂိုး၊ ၃ ဂိုး၊ ၄ ဂိုးပြတ်တွေ အနိုင် ရလာခဲ့ပါတယ်။

အာဆင်နယ်က ကံမကောင်းစွာဘဲ သိပ်ကောင်းတဲ့ ပရီးမီးယားလိဂ်ကလပ် ၂ သင်းနဲ့အတူ ဖလားရအောင် ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ သံသယမဝင်ပါဘူး။ လာမယ့် နှစ်အနည်းငယ်အတွင်း သူတို့ တစ်ကြိမ်တော့ ပရီးမီးယားလိဂ် ဖလား အောင်မြင်မှာပါ။ အချိန်တစ်ခုပဲ လိုပါတယ်။

သူတို့ ဘရန့်ဖိုဒ့်ကို အနိုင်ရလိုက်တာနဲ့ လီဗာပူး vs မန်စီးတီးပွဲကို အေးဆေး ထိုင်ကြည့်နေယုံပါပဲ။ သူတို့အတွက် စိတ် လှုပ်ရှားစရာ အချိန်က အီတီဟတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲပဲ ဖြစ်ပါတယ်။

မန်စီးတီးကို မရှုံးဘူး ဆိုတာနဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ အတော်လေးကို ရေပန်းစားလာတော့မှာပါ။ ” လို့ သုံးသပ်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က ဂိုးကွာခြားချက်ဟာ အာဆင်နယ်က လီဗာပူး၊ မန်စီးတီးကို ကျော်ပြီး ဖလားအောင်မြင်နိုင်တဲ့ အကောင်းမြင်နိုင်စရာ အားသာချက်ဖြစ်ကြောင်းလည်း ဝန်ခံသွားခဲ့ပါသေးတယ်။