မန်ချက်စတာ ဒါဘီပွဲမှာ မန်ချက်စတာ ယူနိုက်တက် ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်က ပိုပြီး မှေးမှိန်သွားပြီ ဖြစ်ပေမယ့် ဂယ်ရီ နဗီးကတော့ ယူနိုက်တက်ဟာ အဆင့် ၄ ရနိုင်သေးတယ်လို့ မျှော်လင့်ထားပြီး အဲဒီအတွက် အကြောင်းပြချက်လည်း ရှိကြောင်း အခုလို ရှင်းပြခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက် က top four ထဲ ဝင်နိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ချက်စတာ စီးတီးနဲ့ ပွဲ ရလဒ်ထက် ယူနိုက်တက်ကို ပိုပြီး ပြသနာ ဖြစ်စေတာက အရင်လ ဖူလ်ဟမ်နဲ့ ပွဲ အရှုံးရလဒ်ပါ။

မန်ချက်စတာ ဒါဘီကတော့ တကယ်ကို အရှုံးနဲ့ သိမ်းမယ်လို့ ကျွန်တော် ထင်ထားပြီးသား။ အက်စတွန်ဗီလာနဲ့ တော့်တင်ဟမ် တို့ ဒီအပတ်ထဲမှာ တွေ့လိမ့်မယ်။ ဒီတော့ တစ်သင်း မဟုတ် တစ်သင်းက အမှတ်လျော့မှာပဲ၊ ဒီအချိန် မန်ချက်စတာ ယူနိုက်တက်က ရမှတ်ကွာဟချက်ကို လျော့ချနိုင်ပါတယ်။

ဗီလာနဲ့ စပါးမှာလည်း ကစားရမယ့်ပွဲတွေ ရှိတယ်။ ဒီတော့ မန်ချက်စတာ ယူနိုက်တက် အတွက် မျှော်လင့်ချက် ရှိတယ်လို့ ကျွန်တော်ထင်တယ် ” လို့ နဗီးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

အမှတ်ပေးဇယားမှာတော့ ယူနိုက်တက်က အဆင့် ၄ နေရာမှ ဗီလာနဲ့ ၁၁ မှတ်၊ အဆင့် ၅ နေရာမှ (တပွဲလျော့ ကစားထားတဲ့) စပါးနဲ့ ၆ မှတ် အကွာ၊ အဆင့် ၆ နေရာ မှာ ရှိနေပါတယ်။