ဒီရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အဆင့်ကောင်း တစ်နေရာရာမှာ ရပ်တည်နိုင်ခြင်း မရှိခဲ့ရင် နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်တာမျိုး ဖြစ်လာနိုင်ဆဲပါ။

နယ်သာလန်သားဟာ သူ့ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိရဖို့ မေလအထိ စောင့်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက် ပူးတွဲ ရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ကတော့ ကွင်းတွင်း ကွင်းပြင် ပြန်တည်ဆောက်မှုမှာ တန်ဟက်က မှန်ကန်သူဖြစ်ရဲ့လား ဆိုတာကို နွေမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးကို အနိုင်ရခဲ့တာက ယူနိုက်တက်ကို ဘောလုံးရာသီ အလှည့်အပြောင်း တစ်ခု ပိုင်ဆိုင်လာစေနိုင်ပါတယ်။

ဒီအပတ်ထဲ သတင်းတွေမှာတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ယူနိုက်တက် မန်နေဂျာသစ် ဖြစ်လာနိုင်ကြောင်း ဖော်ပြမှုတွေ ရှိလာနေတယ်။ ဆာဂျင်ရက်ကလစ်ဟာ ချယ်ဆီးနည်းပြဟောင်း ပေါ်တာနဲ့လည်း ဆက်ဆံရေးကောင်း တည်ဆောက်ထားပါတယ်။

ယူနိုက်တက်ကနေ တန်ဟက် ထုတ်ပယ်ခံရပါက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေ ရှိနေပြီး ဘွန်ဒက်လီဂါဘက်ကတော့ နယ်သာလန်သားကို အထင်ကြီးနေတယ်လို့ အင်္ဂလန်သတင်းတွေက စတင် ဖော်ပြလာနေတာ ဖြစ်ပါတယ်။

နည်းပြဘဝ အစပိုင်းမှာ တန်ဟက်နဲ့ တွဲဘက် အလုပ်လုပ်ဖူးတဲ့ ဘိုင်ယန်မြူးနစ်ဟာ အလွန်ဆိုကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် နယ်သာလန်သားကို ဦးစားပေးပစ်မှတ် အဖြစ် ပြောင်းလဲ ရွေးချယ်လာနိုင်ပါတယ်။

အလွန်ဆိုရဲ့ လက်ရှိ အသင်းဖြစ်တဲ့ လေဗာကူဆင်ကလည်း သူတို့ နည်းပြကို လက်လွတ်ခဲ့ရပါက တန်ဟက်နဲ့ အစားထိုးဖို့ လျာထားပြီး ဘွန်ဒက်လီဂါ ကလပ်တစ်သင်းဖြစ်တဲ့ စတုဂတ်ကလည်း တန်ဟက်ကို အထင်ကြီးမှု ရှိထားတယ်လို့ သိရပါတယ်။