ဘာစီလိုနာ ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာကတော့ အမ်ဘာပေး ရီးရဲလ်မက်ဒရစ်ကို ရောက်လာခြင်းဟာ လာလီဂါပြိုင်ဘက်အသင်း အဝတ်လဲခန်းတွင်း ပြဿနာတွေ စတင်လာလိမ့်မယ်လို့ ပြောလာပါတယ်။

ဒီနွေမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ထံ လုပ်ခပိုင်း လျော့ယူမှုဖြင့် ဘာပေး ပြောင်းလာတော့မှာ ဖြစ်ပါတယ်။ ဘာကာ ဥက္ကဋ္ဌကတော့ ဘာပေရဲ့ အပြောင်းအရွှေ့ဟာ ထင်မှတ်သလို ကောင်းမွန်တဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘဲ ရီးရဲလ်ကို ပြဿနာတွေ တတ်စေလိမ့်မယ်လို့ ထုတ်ဖော်လာခဲ့တယ်။

” ရီးရဲလ်မက်ဒရစ်တို့ သေချာပေါက် ပြဿနာတတ်မှာပါ ” လို့ လာပေါ်တာက Mundo Deportivo ကနေ ပြောပါတယ်။

” အမ်ဘာပေကို လက်မှတ်ထိုးဖို့ဆိုရင် အနည်းဆုံး ကစားသမား တစ်ယောက်လောက်တော့ ပြန်ရောင်းရမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့ တစ်နေရာထဲ ကစားသမား ၂ ယောက် သုံးလို့မှ မရနိုင်တာ။

သူတို့မှာ ရှိနေတာကလည်း နာမည်ကြီး ကစားသမားတွေပဲလေ။ ကိန်းဂဏန်းတွေက စကားပြောလာခဲ့ရင် အဝတ်လဲခန်းကို သေချာပေါက် ဖျက်ဆီးပါလိမ့်မယ်။ ဘာပေကို ခေါ်ယူနိုင်တာ ဆုလာဘ် မဟုတ်ပါဘူး ” လို့ လာပေါ်တာက ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။