ပေါမာဆန်ကတော့ ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကောင်းဆုံး မန်နေဂျာ ၃ ဦး စာရင်းမှာ ဂွာဒီယိုလာကို ထည့်သွင်းခဲ့ခြင်း မရှိဘဲ ချန်လှပ်ခဲ့ပါတယ်။

၂၀၁၆ မှာ အီတီဟက်ကို ရောက်လာခဲ့တဲ့ ဂွာဒီယိုလာဟာ သူ့လက်ထက်မှာတော့ အင်္ဂလန်လိဂ်မှာ ပြိုင်ဘက်ကင်း နည်းပြတစ်ဦး ဖြစ်လု အခြေအနေမျိုး ဖန်တီးခဲ့တာပါ။ ယာဂင်ကလော့ပ်ကလွဲလို့ ဂွာဒီယိုလာကို ဒုက္ခကြီး ပေးနိုင်တဲ့ ပြိုင်ဘက် မရှိခဲ့ပါဘူး။

ပရီးမီးယားလိဂ်ပွဲပေါင်း ၄၅၈ ပွဲ ကိုင်တွယ်ရာမှာ ၃၃၃ ပွဲ အနိုင်ရထားပြီး နိုင်နှုန်း ၇၃.၅% တောင်ရှိခဲ့တဲ့ ဂွာဒီယိုလာဟာ သူလိုက်မမီလော်ကအောင် ကောင်းတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။

၂၀၁၉-၂၀၂၀ မှာ လီဗာပူးအသင်းဟာ မန်စီးတီးကို ပြတ်ပြတ်သားသားဖြင့် ၂၂ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

ပေါမာဆန်က ” အနီးကပ် ဖလားပြိုင်ဘက်ကို ၂၂ မှတ်တောင် ပြတ်ကျန်ခဲ့ဖူးသူ တစ်ဦးက ကမ္ဘာ့အကောင်းဆုံး နည်းပြ ဘယ်လိုလုပ်ဖြစ်သင့်တာလဲ? ကလော့ပ်ရဲ့ လီဗာပူးက မန်စီးတီးကို အဲ့လို ဖြတ်ကျော်ခဲ့တာပါ။

ကလော့ပ်က အဲ့လို ကျော်ဖြတ်ခဲ့တော့ ဂွာဒီယိုလာက လူသစ်တွေ အမြန်ဆုံး အားဖြည့်ရတော့တာ မဟုတ်လား။ လီဗာပူးကတော့ တူညီတဲ့ အသင်းမျိုး ပြန်မဖြစ်ခဲ့ဘူးပေါ့လေ။ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲ့အချက်ကို ထောက်ပြပြီး ပေါမာဆန်ကတော့ ပရီးမီးယားလိဂ်ခေတ်ရဲ့ အကောင်းဆုံး မန်နေဂျာ ၃ ဦးဟာ ဆာအဲလက်စ်၊ အာဆင်ဝင်းဂါးနဲ့ မော်ရင်ညိုတို့ပဲ ဖြစ်သင့်ကြောင်း ရွေးထုတ်သွားခဲ့ပါတယ်။