ဂန်းနားဟောင်းကြီး အီရန်ရိုက်ကတော့ တိုက်စစ်သမား ဂနာချိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြိုင်ဘက်တွေကို ပြဿနာကြီးတွေ ပေးနေတဲ့ ကစားသမားအဖြစ် ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက်က လီဗာပူးကို အက်ဖ်အေဖလားကနေ ဖြုတ်ချခဲ့တဲ့ နိုင်ပွဲမှာ ဂနာချိုဟာ အရေးပါတဲ့ တိုက်စစ်သမား ဖြစ်ခဲ့တာပါ။ ယူနိုက်တက်ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း ရုန်းကန်ရမှုတွေ ရှိနေပေမယ့် မိုင်နူးနဲ့ ဂနာချိုလို ကစားသမားတွေ ထွက်ပေါ်လာခြင်းဟာ ပြိုင်ဘက်တွေကို ခေါင်းခဲလာစေခဲ့ပါတယ်။

အီရန်ရိုက်ကဆိုရင် ‘ ကျနော် ဂနာချိုကို ချီးကျူးချင်တယ်ဗျာ။ သူက အသင်းတိုင်းအတွက် ပြဿနာတစ်ရပ် ဖြစ်လာနေသူပါ။ ပွဲထဲမှာလည်း မယုံနိုင်စရာ ခြေစွမ်းတွေ ပြသနေပါတယ်။ သူ့အသက်အရွယ်မျိုးနဲ့ သူလုပ်ပြနေတာက မယုံနိုင်စရာပါပဲ။’ လို့ ချီးကျူးခဲ့တာပါ။

ဂနာချိုရဲ့ အရည်အချင်းကို သတိထားမိသူက အီရန်ရိုက် တစ်ဦးတည်းသော မဟုတ်ပါဘူး။ နောက်ထပ် ဂန်းနား တောင်ပံသမားဟောင်း ဝဲလ်ကော့ကလည်း

‘ဂနာချိုက အမြဲတမ်း ဘောလုံးလိုချင်စိတ် ရှိပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ မန်ချက်စတာ ယူနိုက်တက် အသွေးအသားမျိုး စီးဝင်နေပါတယ်။ တကယ်ကို ကြည့်ပျော်တဲ့ ကစားသမားပါပဲ ’ ဆိုပြီး ချီးကျူးသွားတာ ဖြစ်ပါတယ်။