မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူးအတွက် တန်ဟက်ကို ထုတ်ပယ်ခဲ့ရင် ဘယ်သူနဲ့ ပြန်အစားထိုးမလဲ ဆိုတာအတွက် ၉ ဦးပါ လူစာရင်းတစ်ခု ပြုလုပ်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က လီဗာပူးကို ၄-၃ ဖြင့် အနိုင်ယူကာ အက်ဖ်အေဖလားကနေ ဖြုတ်ချခဲ့တာကြောင့် တန်ဟက်ရဲ့ ယူနိုက်တက် အနာဂတ်က ပြန်လည် ရှင်သန်လာခဲ့ပါပြီ။

ESPN ကတော့ ယူနိုက်တက် ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်က ရာသီကုန်ရင် ကလပ်ရဲ့ ရပ်တည်မှုကို ကြည့်ပြီး တန်ဟက်ကို ဆက်လက် တာဝန်ပေးမလား စောင့်ကြည့်မယ်လို့ ဖော်ပြလာပါတယ်။

ဆာဂျင်ရက်ကလစ်ကတော့ သူ့ရဲ့ စိတ်ကြိုက် နည်းပြစာရင်းမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ထိပ်ဆုံးက ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဘရိုက်တန်နဲ့ ချယ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာ၊ လက်ရှိ ဘရိုက်တန်နည်းပြ ဒီဇာဘီ၊ ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်၊ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ့် သောမက်စ်တူချယ်၊ ဂျာမနီအသင်းနည်းပြ နာဂယ်စမန်း တို့ပါဝင်ပါတယ်။

ယူနိုက်တက်ကတော့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းတွေဖြစ်တဲ့ လိုပတ်တီဂူ၊ ဇီဒန်းအပြင် စပို့တင်းအသင်း နည်းပြ အာမိုရင်တို့ကိုလည်း သူတို့ရဲ့ စာရင်းထဲ ထည့်ထားတာ ဖြစ်ပါတယ်။

မန်စီးတီးကနေ ဘာရာဒါကို ခေါ်ယူခဲ့တဲ့ နည်းလမ်းမျိုးအတိုင်း စပါးအသင်း နည်းပြ ပိုစတီကိုဂလူကိုလည်း ချိတ်ဆက်ဖို့ ယူနိုက်တက်တို့ ပစ်မှတ်ထားနိုင်တယ်လို့ သိရပါတယ်။