ဒီရာသီ ပရီးမီးယားလိဂ်ဖလား ရဖို့ ရေပန်းစားနေသလို လက်ရှိ ဇယားထိပ်မှာ ရပ်တည်နေတဲ့ အာဆင်နယ်အတွက် ဖန်တီးပေးနိုင်စွမ်း အမြင့်ဆုံး ကစားသမားများ စာရင်း ထွက်ပေါ်လာပါတယ်။

အာတီတာ ဦးဆောင်တဲ့ အသင်းဟာ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလား တစ်ကျော့ပြန် အောင်မြင်နိုင်ရေး အားထုတ်နေတာပါ။

တိုက်စစ်အသားပေးတဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီ ၂၈ ပွဲ ကစားရာမှာ သွင်းဂိုး ၇၀ ထိ သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်ပါတယ်။

အိုဒီဂတ်ဟာ အာဆင်နယ်အတွက် ဂိုးထောက်ပံ့မှု ၆ ကြိမ်ပဲ လုပ်ထားနိုင်ပေမယ့် အခွင့်အရေး ဖန်တီးမှု ၇၃ ကြိမ်နဲ့အတူ အမြင့်ဆုံး လုပ်ပြထားနိုင်တယ်။

ဒုတိယနေရာမှာ ဆာကာက ၆၈ ကြိမ် အခွင့်အရေး ဖန်တီးထားသလို တိုက်စစ်တွဲဘက် မာတင်နယ်လီက ၃၈ ကြိမ် လုပ်ပေးထားပါတယ်။

ဒီကလန်ရိုက်စ်က စတုတ္ထနေရာမှာ ၂၉ ကြိမ်နဲ့ရှိနေပြီး ကိုင်ဟာဗက်ဇ်က ပဉ္စမနေရာမှာ ၂၈ ကြိမ်နဲ့ ရှိနေတာ ဖြစ်ပါတယ်။