ဒီနွေမှာတော့ လီဗာပူးအသင်းဟာ ကလပ်ရဲ့ အရေးကြီး ရာထူးဖြစ်တဲ့ မန်နေဂျာ နေရာအတွက် လူသစ် ခန့်အပ်မှု ပြုလုပ်သွားမှာပါ။

လီဗာပူးအသင်းဟာ အခြေခံအားဖြင့် ဆွဲဆောင်မှုရှိတဲ့ ကစားဟန်ကို ကျင့်သုံးသူဖြစ်ရမယ်၊ လီဗာပူးအသင်းနဲ့အတူ အရွယ်ရောက်လာနိုင်သူဖြစ်ရမယ် (အရည်အချင်းရှိ လူငယ်နည်းပြ)၊ ကောင်းမွန်တဲ့ စရိုက်ကောင်းရှိဖို့ အပြင် ကလပ်ဘက်က သတ်မှတ်ထားတဲ့ သီးသန့် စံနှုန်းတွေနဲ့ ကိုက်ညီမယ့်သူကို ရှာဖွေနေပါတယ်။

လီဗာပူးအသင်းရဲ့ စောင့်ကြည့်မှုမှာ နည်းပြပေါင်း ၉ ဦးထက်မနည်း ပါဝင်ထားခဲ့ပေမယ့် လက်တလောမှာ ၃ ဦးက ဦးစားပေးတွေအဖြစ် ရှေ့ဆုံးကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။

အလွန်ဆိုက ထိပ်ဆုံးမှာရှိနေဆဲဖြစ်ကာ စပို့တင်းနည်းပြ အာမိုရင်းကတော့ ဘရိုက်တန်နည်းပြ ဒီဇာဘီကို ကျော်ပြီး လီဗာပူးအသင်း ပိုမိုစိတ်ဝင်စားခြင်းကို ရရှိလာတယ်လို့ သတင်းထောက် ရိုမန်နိုက ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးမန်နေဂျာနေရာအတွက် ပြိုင်ဆိုင်မှုမှာ အချို့သော ကစားသမားတွေနဲ့ ပရိသတ်တွေ မျှော်လင့်ထားကြတဲ့ ပပ်လင်ဒါးကတော့ ပါဝင်လာဖွယ် မရှိတော့ပါဘူး။

သူ့ကို ခေါ်ယူဖို့ အေးဂျက်အသင်းက စိတ်ဝင်စားနေပြီး အတည်ပြု ဆုံးဖြတ်ချက်တွေ ထွက်လာဖို့တော့ စောင့်ဆိုင်းနေကြဆဲပါ။ လင်ဒါးကတော့ ကလော့ပ်နဲ့အတူ လီဗာပူးကနေ ထွက်ဖို့ကိုပဲ ဆုံးဖြတ်ထားကာ ဆက်နေမယ့် အရိပ်အယောင် မရှိတော့ပါဘူး။

မကြာခင်မှာ မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ဟာ လီဗာပူးမန်နေဂျာသစ် ဘယ်သူဖြစ်လာမလဲ ပါဝင် ရွေးချယ်ကြတော့မှာဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ ဒီလုပ်ငန်းစဉ်က ဒေတာသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာ လက်ထဲမှာပဲ ရှိနေဆဲဖြစ်ပါတယ်။