အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့တဲ့ ပြင်သစ်သား အစွန်လူဟောင်း ကလစ်ချီကတော့ တနင်္ဂနွေနေ့ ပွဲကြီးပွဲကောင်းမှာ နှစ်သင်း နည်းပြတွေလုပ်နိုင်တဲ့ အမှားတွေကို ပွဲကြို ထောက်ပြ သုံးသပ်လာပါတယ်။

အမှားမခံတဲ့ ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်း နည်းပြတွေဟာ နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေကို အားထုတ်လာရဖို့ ရှိနေပါတယ်။ ကလစ်ချီကတော့ ဒီပွဲကို ကောင်တာကစားဖို့ မစဉ်းစားနဲ့လို့ အာဆင်နယ်ကို အကြံပေးပါတယ်။

ကလစ်ချီက ‘ အာဆင်နယ်က မန်စီးတီးခံစစ်ကို ထိုးဖောက်ဖို့အတွက် သတ္တိရှိဖို့ လိုပါတယ်။ မျက်နှာခြင်းဆိုင် ရင်ဆိုင်ရဲရမယ်၊ စီးတီးကို အဲ့လို ရင်ဆိုင်ရဲတာလည်း လီဗာပူးနဲ့ အာဆင်နယ်ပဲ ရှိပါတယ်။

မန်စီးတီးကို ဘောလုံးပေးကိုင်ပြီး ကောင်တာကစားဖို့ ရွေးချယ်ရင်တော့ အာတီတာက ကြောက်စရာကောင်းလှတဲ့ အမှားတစ်ခုကို လုပ်မိတာပဲဖြစ်လာလိမ့်မယ်။

မန်စီးတီး အိမ်ကွင်းဖြစ်လို့ သူတို့ ဘောလုံးကစားခွင့်ရမှာဖြစ်ပေမယ့် ကိုယ်ကလည်း ဒီပွဲကို ကိုယ့်ရဲ့ပွဲလို ကစားနိုင်ဖို့ လိုအပ်ပါတယ်။ တနင်္ဂနွေနေ့ပွဲကို အာဆင်နယ်တို့ ရှုံးလို့မရပါဘူး။

မန်စီးတီးအသင်းရဲ့ အားနည်းချက်က သူတို့ ဘောလုံးကိုင်ထားချိန်မှာပါပဲ။ သူတို့ second ball တွေ ဆုံးရှုံးလေ့ရှိသလို အပြောင်းအလဲတွေကနေ သူတို့ကို ထိုးနှက်လို့ရပါတယ်။

ဆာကာနဲ့ မာတင်နယ်လီတို့က စီးတီးတို့ ကစားပုံ အပြောင်းအလဲတွေကို ကြားဝင် ထိုးနှက်လို့ရပါတယ်။ ဘောလုံးကို ကိုင်ထားပြီး နေရာလွတ်တွေကနေ စီးတီးခံစစ်ကို ကျော်ဖြတ်ပြေးဖို့၊ ရမှတ်တွေရယူဖို့ အာဆင်နယ် လုပ်နိုင်ပါတယ် ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။