ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတွေ ပါဝင်နေတဲ့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ပေါမာဆန်ရဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

Chelsea vs Burnley

ချယ်ဆီးအသင်း တိုက်စစ်မှာက အရည်အချင်းတွေ အများကြီး ရှိပါတယ်။ ဘန်လေက အသင်းကြီးတွေ ရင်ဆိုင်ကစားလို့ကောင်းတဲ့ အသင်းမျိုးပါ။ သူတို့က ခံစစ်ပိတ်မကစားဘဲ ပြန်ပြီး တွန်းတိုက်ကစားတတ်တာမို့ ဒီပွဲက ချယ်ဆီးရဲ့ လက်ထဲမှာပဲ ရှိနေပါလိမ့်မယ်။ ဒီပွဲမှာ ဘန်လေတို့ ရမှတ် တစ်ခုခု ယူနိုင်မယ် ကျနော် မမြင်ပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 3-1 Burnley

Brentford vs Man United

ဒီပွဲ ယူနိုက်တက်ဘက်က ပိုက်ဆံထပ်လိုက်ဖို့က ခက်ခဲနေဆဲပါပဲ။ သူတို့က မကြာခဏ ရလဒ်တွေ ထိခိုက်ထားတာပါ။ ဘရန့်ဖိုဒ့်က တိုက်စစ်ကစားပုံ ကောင်းမွန်တယ်။ ယူနိုက်တက်တို့ ခံစစ်ပိုင်း အားနည်းနေတာက ဒီပွဲမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Brentford 1-1 Man United

Liverpool vs Brighton

နိုင်ငံတကာသီတင်းပတ်က ပြန်ရောက်လာချိန် ဒီပွဲကို ကစားရတာကလည်း ခက်ခဲပါတယ်။ လီဗာပူးအတွက်ကတော့ ဒီပွဲက အနိုင်ရဖို့ လိုအပ်တဲ့ပွဲပါ။ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ လီဗာပူးအသင်း အနိုင်ရမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 2-1 Brighton

Manchester City vs Arsenal

စတုန်းနဲ့ ဝေါ်ကာတို့ မကစားနိုင်ရင် ဒီပွဲ အာဆင်နယ်အသင်း ရလဒ်တစ်ခုခု မယူနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အကယ်လို့ အဲ့ကစားသမားတွေ အားလုံး ကြံခိုင်နေမယ်ဆိုရင် ဒီပွဲ မန်စီးတီးပဲ နိုင်သွားပါလိမ့်မယ်။ ဒီပွဲရဲ့ ရလဒ်က ဒီဘရိုင်း၊ ဝေါ်ကာနဲ့ စတုန်းတို့ရဲ့ ကြံခိုင်မှုအပေါ် မူတည်နေပါတယ်။

နှစ်သင်းကြား ဂိုးကွာခြားချက်က သိပ်ကြီးနေတယ်။ ဒီပွဲ အာဆင်နယ်နိုင်ရင် စီးတီးကို ၄ မှတ်ဖြတ်နိုင်မယ် ဖလားပြိုင်ဆိုင်မှုကို ကြီးကြီးမားမား သက်သေပြမှုဖြစ်လိမ့်မယ်။ ကျနော်ကတော့ သရေကျမယ် ထင်တာပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man City 1-1 Arsenal

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Newcastle United 2-0 West Ham
Sheffield 0-3 Fulham
Nottingham Forest 2-1 Crystal Palace
Bournemouth 1-1 Everton
Tottenham 3-0 Luton Town
Aston Villa 3-1 Wolves