မတ်လ နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးပြီ ဖြစ်လို့ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင် ကစားတော့မှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

Chelsea v Burnley

ချယ်ဆီးက ဘန်လေ အတွက် သိပ်တောင့်လွန်းတဲ့ ပြိုင်ဘက် ဖြစ်နေပြီး ဒီရာသီ အစောပိုင်းမှာလည်း ဒါကို ပြသခဲ့ပြီးသားပါ။ စတန်းဖို့ဘရစ်ချ်မှာ အဲဒီလို ရလဒ်မျိုးပဲ ထပ်ထွက်လာမယ်လို့ ကျွန်တော် ထင်ထားတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-0 ဘန်လေ

Brentford v Man Utd

ယူနိုက်တက်က ဒီပွဲ ဂိုးသွင်းပါမယ်။ ဒါပေမယ့် အဲရစ်တန်ဟက် အသင်းအတွက် နောက်ထပ် ခက်ခဲတဲ့ ညနေခင်း ပိုင်ဆိုင်သွားနိုင်ပြီး သူတို့ သရေ တစ်မှတ်နဲ့ ကျေနပ်ရနိုင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘရန့်ဖို့ဒ် 2-2 မန်ချက်စတာ ယူနိုက်တက်။

Liverpool v Brighton

ဒီပွဲက လီဗာပူး အတွက် အန္တာရယ်ရှိတဲ့ ပွဲစဉ် တစ်ပွဲပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘရိုက်တန်ရဲ့ ကစားပုံကြောင့်ပါပဲ။ ဒါပေမယ့် လီဗာပူးသာ သူတို့ အကောင်းဆုံး နီးနီးလောက် ခြေစွမ်းထုတ်နိုင်ရင် ဒီတကြိမ် နိုင်ပွဲ ရမယ်လို့ ကျွန်တော် ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-1 ဘရိုက်တန်။

Man City v Arsenal

မန်စီးတီးရဲ့ ဒီတလော ခြေစွမ်းကို တွေးမိရင် ကျွန်တော် အပြည့်အဝ ကျေနပ် အားရမှု မရှိပါဘူး။ ဒီပွဲမှာ ကျွန်တော်ကတော့ ပက် ဂွာဒီယိုလာ အသင်းဘက်က ရှိချင်တယ်။ အထူးသဖြင့် အီတီဟက်မှာပေါ့။ ဒီပွဲ ရလဒ်က ဘယ်လိုပဲ ထွက်လာလာ title race ကတော့ မပြီးသေးပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 1-0 အာဆင်နယ်။

အခြားပွဲစဉ်များ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ

Newcastle 2-1 West Ham
Bournemouth 1-1 Everton
Nottingham Forest 1-0 Crystal Palace
Sheff Utd 0-2 Fulham
Tottenham 4-1 Luton
Aston Villa 2-1 Wolves