မတ်လ နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးပြီ ဖြစ်လို့ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင် ကစားတော့မှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲကောင်းအတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

Man City v Arsenal

ဒီပွဲက နည်းနည်းတော့ အီသွားနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီနှစ်သင်း အောက်တိုဘာလ အမ်းမရိတ်မှာ ကစားတုန်းက အာဆင်နယ်ဟာ ပွဲပြီးခါနီး သွင်းဂိုးကြောင့် အနိုင်ရသွားခဲ့တာပါ။

ဒီတကြိမ်လည်း ဂိုးတွေ အများကြီး မြင်ရဖွယ် မရှိဘူး။ နောက်ပြီး ပွဲကို လွှမ်းမိုး ကစားတာထက် အခွင့်အရေးကြီးတွေကို ဘယ်လောက် ဆုပ်ကိုင်နိုင်သလဲ ဆိုတဲ့ အပေါ် ပွဲရလဒ်က မူတည်သွားမယ်။

မန်စီးတီးရဲ့ ဒီတလော ခြေစွမ်းကို တွေးမိရင် ကျွန်တော် အပြည့်အဝ ကျေနပ် အားရမှု မရှိပါဘူး။ ဒီရာသီ လိဂ်မှာလည်း Top 5 ထဲက ပြိုင်ဘက် အသင်းကြီးတွေကို သူတို့ မနိုင်သေးဘူး။ ဒါပေမယ့် ပွဲရလဒ်တွေကို ကြည့်မယ် ဆိုရင်တော့ သူတို့ ပြိုင်ပွဲစုံ နောက်ဆုံး ကစားထားတဲံ ၂၂ ပွဲမှာ ပွဲ ၂ဝ နိုင်ထားတယ်။

တဖက်မှာ အာဆင်နယ်က ထိပ်တန်း ဖြစ်နေတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး အများဆုံးနဲ့ ပေးဂိုး အနည်းဆုံးပါ။ ဒီပွဲကိုလည်း သူတို့က လိဂ်ပွဲ ၈ ပွဲ ဆက် နိုင်ပြီး လာကစားမှာ ဖြစ်နေတယ်။

ဒီပွဲကိုသာ ရှုံးရင် စီးတီးက လိဂ်ပွဲ ၉ ပွဲ ကျန်ချိန်မှာ အာဆင်နယ်နောက် ၄ မှတ် ပြတ်သွားမယ်။ ဒါက သူတို့အတွက် ပြီးဆုံးသွားတာလည်း ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော် ပက် ဂွာဒီယိုလာ အသင်းဘက်က ရှိချင်တယ်။

ဒီပွဲ ရလဒ်က ဘယ်လိုပဲ ထွက်လာလာ title race ကတော့ မပြီးသေးပါဘူး။ မယုံနိုင်စရာကောင်းတဲ့ အသင်း ၃ သင်းက ဒီအတွက် ပြိုင်ဆိုင်နေပြီး ရာသီ မကုန်ခင် ဘယ်အသင်းကမှတော့ ဒီပွဲကနေ ထွက်သွားနိုင်စရာ မရှိပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 1-0 အာဆင်နယ်။