အမှတ်ပေးဇယားကို ဦးဆောင်ထားပေမယ့် လီဗာပူးအသင်းဟာ နားချိန်တွေ ရှိမှာ မဟုတ်ပါဘူး။ ရှေ့ဆက်ပြီး ပွဲတွေက တောက်လျှောက် ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဒီကြားရက် အန်ဖီးမှာပဲ တန်းဆင်းဇုန် အဆင့် ၂၀ မှာ ရှိနေတဲ့ ရှက်ဖီးကို ဧည့်ခံရပါမယ်။ ရှက်ဖီးဟာ နိုင်ပွဲမရပေမယ့် နောက်ဆုံး ကစားထားတဲ့ ၂ ပွဲဆက်တိုက်ကို သရေကစားလာတာပါ။ သူတို့ရဲ့ တန်းဆင်းဇုန် ရုန်းအားက လျော့တွက်လို့ မရပါဘူး။

ပြီးရင်တော့ ယူနိုက်တက်ရဲ့ အိမ်ကွင်းထဲ သွားပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရပါမယ်။ ဒီကာလတွေအတွင်း လီဗာပူးဟာ ယူနိုက်တက်ကို ခြေစွမ်း အပြတ်အသတ် သာပေမယ့်လို့ မနှစ်က အန်ဖီးမှာ ၇-၀ နဲ့ အနိုင်ရပြီးတည်းက ယူနိုက်တက်ကို အနိုင်ရလာတာမျိုး မရှိတော့ပါဘူး။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကတော့ အသင်းအတွက် အရှက်ရစရာပွဲ ဖြစ်ခဲ့ပါတယ်။ ခြေစွမ်း အသာစီးယူထားနိုင်သလို ပွဲကို အပြတ်ဖြတ်သင့်ပေမယ့် ပြိုင်ဘက်ကို အထင်သေးခြင်းကပဲ အက်ဖ်အေဖလားကနေ ပြုတ်စေခဲ့တာပါ။ မကန်ခင် နိုင်နေပြီလို့ ထင်နေတာကပဲ ပွဲမကန်ခင်တည်းက အသင်းကို တစ်ဝက်ရှုံးနေစေပါပြီ။

အဲ့ပွဲနောက် ပဲလေစ့်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲ အရှေ့နဲ့ အနောက်မှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ရှိပါလိမ့်မယ်။ ရပ်ကလည်း သိပ်ကန်နေပါတယ်။ အတ္တလန်တာဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ခံစစ်ကို အထိုင်ချကစားတဲ့ အသင်းမျိုး မဟုတ်ပါဘူး။

ဒီ ၅ ပွဲက အသင်းရဲ့ အနီးကပ် ပွဲစဉ်တွေပဲဖြစ်ကာ ပွဲစဉ် အားလုံးက အနိုင်ရဖို့ လိုအပ်တာချည်း ဖြစ်ပါတယ်။

လီဗာပူးအသင်း လာမယ့် ပွဲစဉ် (၅) ပွဲ

  • ရှက်ဖီး (အိမ်ကွင်း) – ပရီးမီးယားလိဂ်
  • ယူနိုက်တက် (အဝေးကွင်း) – ပရီးမီးယားလိဂ်
  • အတ္တလန်တာ (အိမ်ကွင်း) – ယူရိုပါလိဂ်လိဂ်
  • ပဲလေစ့် (အိမ်ကွင်း) – ပရီးမီးယားလိဂ်
  • အတ္တလန်တာ (အဝေးကွင်း) – ယူရိုပါလိဂ်လိဂ်