အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက် ၂-၂ လီဗာပူးတို့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ သရဲနီဟောင်း ဝိန်းရွန်းနီးက ရာသီကုန် ချန်ပီယံဖြစ်မယ့် အသင်းကို ခန့်မှန်းလိုက်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ်က ဇယားထိပ်ကို ဦးဆောင်သွားခဲ့ပေမယ့် အာဆင်နယ်၊ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ လက်ကျန်ပွဲ ၇ ပွဲ အလိုထိ ၁ မှတ်အကွာဖြင့် ဆက်လက် ယှဉ်ပြိုင်နေကြကာ ပွဲကောင်းအချို့ ကစားရဖို့ ကျန်ရှိနေကြဆဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ အဆုံးသတ်ပိုင်းနား ရောက်လာနေကာ အခုကစ ရာသီကုန်ထိ အပြောင်းအလဲကြီးတွေ ဖြစ်လာဦးမယ်လို့ သရဲနီဟောင်းက မြင်ပါတယ်။

ဝိန်းရွန်းနီက ‘ အချိန်အကြာကြီး ဆက်ယှဉ်ပြိုင်ရဦးမှာပါ။ ၇ ပွဲပဲ ကစားဖို့ကျန်တာ သိပါတယ်။ ဒါပေမယ့် အခုကနေ ရာသီကုန်ထိကြားမှာ ကိစ္စတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ‘ လို့ သူ့အမြင်ကို ပြောပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် တစ်သင်းကို ရွေးထုတ်ပေးရာမှာတော့ ‘ လီဗာပူးပဲ နှားတစ်ဖျား အသာနဲ့ ပရီးမီးယားလိဂ်ဖလား ရသွားမယ် ထင်ပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။