ဒီရာသီ အပါအဝင် သက္ကရာဇ် ၂၁၀၃ ခုနှစ်ထိ ချန်ပီယံလိဂ်ဖလား အနိုင်ရမယ့်အသင်းတွေကို AI ဖြင့် တွက်ချက်ရာမှာ အာဆင်နယ် မပါဝင်လာခဲ့ဘူးလို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ကလပ်ပေါင်း ၃၉ သင်းထိ ချန်ပီယံဖြစ်မှာဖြစ်သလို အင်္ဂလန်ကလပ်တွေထဲကဆိုရင် မန်စီးတီးက ၅ ကြိမ်၊ လီဗာပူး ၃ ကြိမ်၊ ချယ်ဆီး ၂ ကြိမ်၊ စပါး ၁ ကြိမ်နဲ့ မန်ယူနိုက်တက်က ၁ ကြိမ် ချန်ပီယံလိဂ်အောင်မြင်မယ်လို့လည်း ဖော်ပြထားပါတယ်။

AI ရဲ့ တွက်ချက်မှုမှာ အဓိက ဝေဖန်စရာဖြစ်နေတဲ့ ၂ ချက်ကတော့ ရာစုနှစ် တစ်ခုကို ကျော်လွန်ချိန်မှာတောင် အာဆင်နယ်က ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေဦးမယ် ဆိုတဲ့ အချက်နဲ့ လာမယ့်ရာသီ ယူနိုက်တက် ချန်ပီယံလိဂ်ဖလား အောင်မြင်မယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာဖြစ်နေပေမယ့် ၂၀၂၅ ခုနှစ်ရဲ့ ချန်ပီယံလိဂ်ကို ဆာဂျင်ရက်ကလစ်တို့အသင်း အနိုင်ရမယ်လို့ တွက်ချက်ခဲ့တာကလည်း အတော်လေး ဟားစရာဖြစ်နေပါတယ်။

ဒေးလီးမေလ်းရဲ့ သတင်းထဲမှာတော့ ” AI လည်း မှားတော့မှာပဲ။ နောက်ရာသီ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ ”

‘ ၂၀၂၅ ချန်ပီယံလိဂ်ဖလားကို ယူနိုက်တက် အနိုင်ရမယ်ဆိုတာ မမြင်ချိန်ထိ ဒါကြီးကို ငါတကယ်ယုံခဲ့တာပါ။ ‘ စသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။