ချယ်ဆီးအသင်းဟာ FFP ဘဏ္ဍာရေး စည်းမျဉ်းကို ထိန်းညှိဖို့ အတွက် ကစားသမား ရောင်းချမှုကနေ ပေါင် သန်း ၁ဝဝ ကျော် ပြန် ရှာဖွေဖို့ လိုအပ်နေတာကြောင့် အားထားရတဲ့ အကယ်ဒမီထွက် ကစားသမား ကော်နာ ဂါလယ်ဂါ က စတေးခံရဖွယ် ရှိနေပါတယ်။

ချယ်ဆီးအသင်း ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလေရဲ့ အပြောင်းအရွှေ့ ဗျူဟာတွေက ရူးလောက်စရာပဲ လို့ ချယ်ဆီး ကွင်းလယ်ဟောင်းကြီး ပီတစ်က ဝေဖန်လိုက်ပြီး ဒီခေတ်မှာ ချယ်ဆီး ပရိသတ် ဖြစ်နေရတဲ့သူတွေကို ဂရုဏာတောင် သက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

” ချယ်ဆီးက ဂါလယ်ဂါ ကို ရောင်းမယ်? ချယ်ဆီး ဘုတ်အဖွဲ့ကတော့ တခုခု မှားနေပါပြီ၊၊ ဟုတ်တယ်မလား။ ခင်ဗျားတို့ရော ယုံနိုင်ကြလား။ သူတို့က အသင်းကို မြေပေါ် ပုံကျအောင် လုပ်နေတာပဲ။

ဘိုလေ ဆိုရင် ကစားသမားတွေ အများကြီးကို ဝယ်တယ်၊ အခု သူ ဂါလယ်ဂါ ကို ရောင်းရမလို ဖြစ်နေပြီ။ လက်ရှိ အနေအထားကတော့ ချယ်ဆီး ပရိသတ် တစ်ယောက်သာ ဆိုရင် ရူးချင်စရာပဲ။ ဘိုလေ ခေတ်မှာ ချယ်ဆီးအတွက် ကစားပေးရတာ မဟုတ်တာကိုတောင် ပျော်ရွှင်မိတယ်။ ” လို့ ပီတစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ကစားသမား ဝယ်ယူမှုအတွက် ပေါင် ၁ ဘီလီယံထိ သုံးစွဲခဲ့ပြီးနောက် ဘဏ္ဍာရေး ဟန်ချက် ထိန်းဖို့ရော အသင်း ရလဒ်ကောင်းတွေ ယူဖို့ပါ ရုန်းကန်နေရပါတယ်။