ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေဖြစ်ပါတယ်။

Man City v Luton

ဒီပွဲက သူတို့နှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှုဖြစ်ပြီး မန်စီးတီးတို့ သက်သက်သာသာ နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လူတန်ကလည်း တုန့်ပြန်တိုက်ခိုက်တာ ရှိပါလိမ့်မယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Man City 3-0 Luton

Bournemouth v Man Utd

ဘုန်းမောက်ဟာ ဒီဇင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီ​တော့ သူတို့ နှစ်ကျော့လုံး အနိုင်ရအောင် ကြိုးစားနိုင်မလား။ ကျနော်ကတော့ လုပ်နိုင်မယ် ထင်ပါတယ်။

Sutton’s prediction: Bournemouth 2-1 Man Utd

Liverpool v Crystal Palace

ကလော့ပ်အတွက် ပြဿနာတစ်ခုကတော့ မိုဆာလာဟာ ဒဏ်ရာကနေ ပြန်သက်သလာပြီးတည်းက ခြေစွမ်းအကောင်းဆုံးမှာ ရှိမနေတာပါ။ ပဲလေစ့်ကလည်း နောက်ဆုံးကစားထားတဲ့ ၅ ပွဲလုံးကို နိုင်ပွဲပျောက်ထားပါတယ်။ အန်ဖီးမှာ ပဲလေစ့်တို့ ဘာရလဒ်မှ ရဖွယ် မရှိပါဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Liverpool 3-0 Crystal Palace

Arsenal v Aston Villa

ဒီပွဲမှာ ဗီလာက သွင်းဂိုး ၁ ဂိုးတော့ သေချာပေါက် ရမှာပါ။ ဒါပေမယ့် သူတို့ အာဆင်နယ်ကို အနိုင်ရမယ်တော့ မထင်ပါဘူး။ ပရီးမီးယားလိဂ် ဦးဆောင်သူတွေက ဒီပွဲမှာ ရှုံးလို့ မရပါဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Arsenal 3-1 Aston Villa

Chelsea v Everton

ချယ်ဆီးက တိုးတက်လာတဲ့အသင်းဖြစ်ပေမယ့် ဒီပွဲမှာ အဲဗာတန်က သူတို့ထံက ရမှတ် ၁ မှတ် ခွဲယူသွားနိုင်မယ်လို့ ထင်မိပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Chelsea 1-1 Everton

အခြားပွဲစဉ်တွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

Newcastle 2-3 Tottenham
Brentford 2-0 Sheff Utd
Burnley 1-1 Brighton
West Ham 2-2 Fulham