ပရီးမီးယားလိဂ်ကလပ်တွေဟာ ဒီအပတ် ဥရောပပွဲစဉ်တွေမှာ ရလဒ်တွေ ထိခိုက်ခဲ့ပြီး ကွန်းဖရန့်လိဂ်မှာ အက်စတွန်ဗီလာအသင်း နိုင်ပွဲရတာကလွဲရင် တစ်သင်းမှ နိုင်ပွဲမယူနိုင်ခဲ့ပါဘူး။

ယူရိုပါလိဂ်ဖလား အနိုင်ရဖို့ ရေပန်းစားအသင်းဖြစ်တဲ့ လီဗာပူးအသင်းဆိုရင် အိမ်ကွင်း အန်ဖီးမှာတင် အီတလီကလပ် အတ္တလန်တာအသင်းကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ ဝက်စ်ဟမ်းကလည်း အဝေးကွင်းမှာ ဂျာမနီကလပ် လေဗာကူဆင်ကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

နောက်အပတ်မှာ ဒုတိယအကျော့တွေ ကစားရဖို့ ရှိနေသေးပေမယ့် လီဗာပူး အပါအဝင် အင်္ဂလန်ကလပ်တွေ ရလဒ်မကောင်းခြင်းနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၅ အသင်း နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ စိုးရိမ်စရာဖြစ်လာနေပါတယ်။

ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်လိဂ်က ကလပ် ၅ သင်း ပါဝင် ယှဉ်ပြိုင်နေဆဲဖြစ်ကာ အများဆုံး ပါဝင်ထားတာဖြစ်ပေမယ့် လီဗာပူး၊ ဝက်စ်ဟမ်းတို့ ကွာတားကနေ ထွက်ခွာရဖို့ နီးစပ်လာတာပါ။ မန်စီးတီး၊ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ကလည်း ဆီမီးတက်နိုင်ဖို့ မသေချာသေးပါဘူး။

The UEFA coefficient table

Italy: 18.714

Germany: 16.928

England: 16.875

Spain: 15.062

France: 14.750

ဒုတိယအကျော့မှာလည်း အင်္ဂလန်ကလပ်တွေ ဆက်လက် ရလဒ်မကောင်းဖြစ်နေရင် လာမယ့်ရာသီ ချန်ပီယံလိဂ် ၅ သင်းဝင်ခွင့်ကိုတော့ အီတလီနဲ့ ဂျာမနီလိဂ်မှ အသင်းတွေ ပိုင်ဆိုင်သွားတော့မှာ ဖြစ်ပါတယ်။