၂၀၂၃-၂၀၂၄ ခုနှစ်ရဲ့ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှု အရှိန်ကောင်းလာနေခဲ့ကာ ရာသီကုန်ဖို့ ၇ ပွဲပဲ လိုပါတော့တယ်။

အခုချိန်ထိ အာဆင်နယ်က ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားသလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ပထမအကျော့ ၂-၂ သရေကျထားတာပါ။

အာဆင်နယ်ဟာ ဖလား ၂ လုံး လမ်းကြောင်းထဲမှာ ရှိနေဆဲဖြစ်သလို ဘယ်လောက် မြင့်မြင့်မားမား အနေအထားနဲ့ ရာသီသိမ်းနိုင်မလဲ မသိနိုင်သေးပါဘူး။

အာဆင်နယ်ရဲ့ ခြေစွမ်းကောင်းတွေနဲ့ ကစားသမားတွေရဲ့ တိုးတက်မှုတွေကတော့ လူတိုင်း အသိအမှတ်ပြုရတဲ့ အခြေအနေကို ရောက်လာခဲ့ပါပြီ။

ဒီလို တိုးတက်မှုတွေကြောင့်ပဲ CIES ရဲ့ နောက်ဆုံး တွက်ချက်မှုမှာ အာဆင်နယ် တိုက်စစ်သမား ဆာကာရဲ့ တန်ကြေးဟာ ယူရို သန်း ၂၀၀ ရှိတယ်လို့ ဖော်ပြခံလာရပါတယ်။

သူ့နောက်မှာတော့ အိုဒီဂတ် (ယူရို သန်း ၁၅၀)၊ မာတင်နယ်လီ (ယူရို သန်း ၁၀၀)၊ ဟာဗက်ဇ် (ယူရို သန်း ၁၀၀) ၊ ဒီကလန်ရိုက် (ယူရို သန်း ၁၀၀) တို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ အမာခံ ကစားသမား အများစုဟာ ၂၅ နှစ်အောက်မှာပဲ ရှိသေးတာမို့ နောက်ထပ် နှစ်တွေ အများကြီး အင်္ဂလန်လိဂ်ကို လွှမ်းမိုးလာဦးမှာ ဖြစ်ပါတယ်။