ဒီအပတ်မှာ ချယ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက်တို့က အက်ဖ်အေဖလား ပွဲစဉ်တွေကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ကစားရဖို့ ရှိနေမှာ မဟုတ်ပါဘူး။

အခြားသော အမှတ်ပေးပွဲတွေအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

Wolves vs Arsenal

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အားလုံးကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ဝုဗ်၊ ချယ်ဆီး၊ စပါးတို့လို လာမယ့် ပွဲစဉ် ၃ ပွဲကို အနိုင်ယူပြီး မန်စီးတီးကိုလည်း သူတို့လက်ကျန်ပွဲ အားလုံးကို အနိုင်ရမှ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခွင့်ပေးရပါမယ်။

ဂန်းနားတို့အတွက် အဝေးကွင်း သွားကစားရတာ ခက်ခဲပေမယ့် သူတို့ ပြန်ရုန်းထဖို့ လိုအပ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲခန့်မှန်းရလဒ်။ ။ ဝုဗ် ၁-၂ အာဆင်နယ်

Fulham vs Liverpool

ဒီပွဲမှာတော့ လီဗာပူးက ရမှတ်တွေ ထပ်ပြီး ဆုံးရှုံးမယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ဖလားအိမ်မက်က ဒီပွဲမှာ ရပ်တန့်သွားတော့မှာပါ။ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့က ယာဂင်ကလော့ပ်တို့ရဲ့ လက်ထဲမှာ မရှိပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် ၁-၁ လီဗာပူး

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Luton Town 2-1 Brentford
Sheffield United 1-2 Burnley
Everton 0-2 Nottingham Forest
Crystal Palace 0-2 West Ham
Aston Villa 2-1 Bournemouth