လက်စတာ ခံစစ်မှူး မက်ဂွဲယားကို ခေါ်ယူဖို့ အရေးမှာ မန်စီးတီးနဲ့ ယူနိုက်တက် မန်ချက်စတာ နှစ်သင်းလုံး အကြိတ်အနယ် ရှိဆဲ ဖြစ်ပြီး ခေါ်ယူနိုင်မယ်လို့လည်း အသီးသီး ယုံကြည်နေကြတာပါ။ နောက်ဆုံး သတင်းအရ မန်စီးတီးက ပေါင် သန်း ၈၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေပြီ လို့ ဖော်ပြနေကြပါတယ်။

မန်စီးတီးက မက်ဂွဲယားကို အသင်းကနေ ထွက်ခွာသွားတဲ့ ခံစစ်မှူး ကွန်ပနီနေရာ အစားထိုးဖို့ ခေါ်ယူလိုနေပြီး ကစားသမား ကိုယ်တိုင်ကလည်း ဂွာဒီယိုလာနဲ့ အတူ လက်တွဲဖို့ စိတ်အားထက်သန်နေပါတယ်။

ဘရာဇီးက ပီရူးကို ၅ဂိုး ဂိုးမရှိနဲ့ နိုင်သွားတဲ့ ကိုပါအမေရိပွဲစဉ်မှာ စီးတီးတိုက်စစ်မှူး ဂျီဆု ပင်နယ်တီ ဂိုး လွဲချော်ခဲ့တာ အတွက် ဘရာဇီးနည်းပြ တစ်တီက စိတ်မကောင်း ဖြစ်နေပြီး ခြေစွမ်းပြဖို့ ကြိုးစားနေတဲ့ ဂျီဆုတစ်ယောက် ဂိုးရသင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

စပါးနည်းပြဟောင်း ဟယ်ရီ ရပ်နက်က လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်း ဗိုလ်စွဲ လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြီး ဟောကိန်းထုတ်လိုက်ပါတယ်။

ဆာနေးက ဘိုင်ယန်မြူးနစ် ကမ်းလှမ်းမှုကို ပယ်ချပြီး မန်စီးတီးအသင်းမှာပဲ ဆက်နေဖို့ စာချုပ်ကိစ္စများ ဆွေးနွေးနေပြီ ဖြစ်ကြောင်း ၄င်းရဲ့ မိတ်ဆွေများကို ဖွင့်ဟပြောကြားထားပါတယ်။

မန်ချက်စတာ ကလပ်နှစ်သင်းလုံး စောင့်ကြည့်ေ်နတဲ့ နာပိုလီမှ ခံစစ်မှူး ကူလီဘိုင်လေကလည်း နောက်ဘောလုံးရာသီ နာပိုလီမှာ ဆက်ရှိနေဖို့ မသေချာကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လောလောဆယ်တော့ ကူလီဘိုင်လေက အာဖရိက ဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းနဲ့ အတူ ပါဝင်ကစားနေပါတယ်။