လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းဟာ လိုင်ယွန်မှ ကွင်းလယ်လူ ဖယ်ကီရာကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူပြီးနောက်ပိုင်း မနှစ်တုန်းက လီဗာပူးနဲ့ ဆေးစစ်မှု အဆင်မပြေဖြစ်ခဲ့တဲ့ ပြင်သစ်သားဟာ သူတို့အသင်းမှာ အဆင်ပြေ အောင်မြင်တယ်လို့ တွစ်တာကနေ ဖော်ပြခဲ့ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူ့အသင်း ကစားသမားအချို့ဟာ ဒီလ ၂၉၊ ၃၀ ရက်တွေမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပြီး အချို့ကတော့ နောက်လမှာ လာရောက်ပူးပေါင်းမယ်လို့ ဆိုပါတယ်။ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ လာမယ့်လမှာ ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ဆုဖလားတွေအတွက် မန်စီးတီးနဲ့ လီဗာပူးကို အခက်တွေ့အောင် လုပ်လိမ့်မယ်လို့ ယူနိုက်တက် နောက်ခံလူ လုရှောက သတိပေးစကား ပါးလိုက်ပါတယ်။

လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ဘလွန်းဒီအော ဆုသာ ချီးမြှင့်ခံရမယ် ဆိုရင် အိပ်မက်တွေ အမှန်တကယ် ဖြစ်လာမှာ ဖြစ်ပေမယ့် လီဗာပူးအသင်းနဲ့ အတူ ဆုဖလားတွေ ရရှိဖို့ကသာ ပိုကြီးမားတဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ပေါလ်အင့်ကတော့ နွေအတွက် အားဖြည့်မှုတွေ ပြုလုပ်နေတဲ့ ယာဂင်ကလော့ပ်ရဲ့အသင်းမှာ ပရီးမီးယားလိဂ် တောင်ပံသမားဟောင်း ဘေလ်းဟာ ကိုက်ညီပါလိမ့်မယ်လို့ ထောက်ခံမှု ပြုလုပ်သွားခဲ့ပါတယ်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကနေပြီး ကမ္ဘာတန်ကြေးအကြီးဆုံး အားကစားဆိုင်ရာ အသင်းပေါင်း ၅၀ စာရင်းကို ပြုစုပေးလာရာမှာ အင်္ဂလန်ကလပ်အသင်း ၅ သင်းး ပါဝင်ခဲ့ပြီး လီဗာပူးလည်း ပါဝင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းကို မကြာသေးမီက ပြောင်းရွေ့ခဲ့တဲ့ ဂရေစ့်မန်းက သူဟာ လီဗာပူးအသင်းကို လေးစားသူဖြစ်ပြီး မနှစ်ကရာသီတုန်းက မာဆေးဆိုဒ်အသင်းကို ပရီးမီးယားလိဂ် ဆုဖလား ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းဟာ လီဗာပူးလူငယ်ကစားသမား အယ်ဂျာရီယာကို အငှားခေါ်ယူဖို့ အောင်မြင်တော့မယ်လို့ သိရပါတယ်။