ယူနိုက်တက်ဟာ နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်အတွက် ပေါင်သန်း (၃၀) တန် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။

ယူနိုက်တက်က ခေါ်ယူဖို့ အပြင်းအထန်ကြိုးစားနေတဲ့ လက်စတာနောက်ခံလူ မက်ဂွိုင်းယားဟာ အသင်းရဲ့ ရာသီကြိုပွဲစဉ်မှာ ခေါင်းတိုက်ဂိုးတစ်ဂိုး သွင်းယူပြသွားခဲ့ပါပြီ။

ပြင်သစ်သတင်းစာတွေကတော့ ယူနိုင်တက်ရဲ့ လိုင်လီတိုက်စစ်မှူး နီကိုးလပ်စ်ပီပီအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခံလိုက်ရပြီလို့ ဖော်ပြနေကြပါတယ်။

ယူနိုက်တက် ဂန္တ၀င်ကစားသမားဟောင်း ဖာဒီနန်ကတော့ ရှန်ဟိုင်းကို ရောက်ရှိနေတဲ့ ယူနိုက်တက် အသင်းသားတွေကို ပုံစံကောင်းတွေအတိုင်း ဆက်လက်ကြိုးစားကြဖို့ အားပေးလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်ကို ခေါ်ယူနိုင်ဖို့ဟာ ပေါ့ဘာ အသင်းကနေ ထွက်ခွာခြင်း မထွက်ခွာခြင်းနဲ့ သက်ဆိုင်မှု မရှိပဲ ကစားသမားကို အိုးထရက်ဖိုဒ့်ဆီ အပြီးတက်ခေါ်ယူနိုင်မယ်လို့ ယူနိုက်တက် မီဒီယာတွေက ယုံယုံကြည်ကြည် ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ နောက်ရာသီ ဘယ်အသင်းမှာ ရှိနေမလဲဆိုတာကို သူလည်း လုံးဝကို မသိတဲ့အကြောင်း လူကာကူရဲ့ ဘယ်ဂျီယံအသင်းဖော် ဒါးရစ်မာတင်က ပြောကြားလိုက်ပါတယ်။

ဘင်ဖီကာ ကစားသမား Ruben Dias ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်တွေထဲက တစ်ခုအပါအ၀င် ဖြစ်ပြီး ကစားသမားကတော့ သူ့ရဲ့အသင်းကို စွန့်ခွာဖို့ မစဉ်းစားထားကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ပါရဲရားကတော့ သူဟာ ယူနိုက်တက်မှာ ဒေးဗစ်ဘက်ခမ်း ကစားခဲ့တဲ့ ညာတောင်ပံ တိုက်စစ်နေရာမှာ ကစားပေးနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

အပြောင်းအရွေ့ ကိစ္စရပ်တွေအတွက် အာရုံစိုက်နေရတဲ့ ယူနိုက်တက်အမှုဆောင်ချုပ် ၀ုဒ်ဝဒ်ဟာ အသင်းနဲ့အတူ ရှန်ဟိုင်းကို လိုက်ပါလာခြင်းတော့ မရှိပါဘူး။

ယူနိုက်တက်အသင်း မကြာမီရင်ဆိုင်ရမယ့် အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဘိုရီနီကတော့ ပေါ့ဘာနဲ့ မာရှယ်တို့ဟာ စောင့်ကြည့်ရမယ့် ကစားသမားတွေဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။