လီဗာပူးကစားသမား ဂျိုးဂိုမက်စ်ကတော့ သူတို့အသင်းဟာ နွေရာသီအပြောင်းအရွေ့မှာ ကစားသမား ဖြည့်တင်းမှုတွေ မလုပ်ခဲ့ရင်တောင် ပြည်တွင်းဆုဖလားတွေနဲ့ ဥရောပဆုဖလားတွေကို စိန်ခေါ်နိုင်ကြောင်း ကြွေးကြော်လိုက်ပါတယ်။

လီဗာပူး၊ ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ အပြင်းအထန် ခေါ်ယူဖို့ ကြိုးစားနေတဲ့ လိုင်လီတိုက်စစ်မှူး နီကိုးလပ်စ်ပီပီကို ခေါ်ယူဖို့ နာပိုလီအသင်းကလည်း စတင်လှုပ်ရှားလာနေပါပြီ။

အယ်လီဆင်ဘက်ကာကြောင့် လီဗာပူးမှာ နေရာမရဖြစ်နေတဲ့ ဂိုးသမား မင်နိုးလက်ကို ခေါ်ယူဖို့ ဘင်ဖီကာအသင်းက စိတ်ဝင်စားလာနေတယ်လို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။

လီဗာပူးကစားသမား အင်ဒရူးရော်ဘက်ဆင်ကတော့ သူဟာ လီဗာပူးအသင်းမှာ ပိုကောင်းမယ့် စွမ်းဆောင်ရည်တွေ အောင်မြင်မှုတွေ ရရှိလာဦးမယ်လို့ ယုံကြည်နေပါတယ်။

ရာသီကြိုပွဲစဉ်တွေမှာ လီဗာပူးအသင်းနဲ့အတူ ခြေစွမ်းပြနေမှုကြောင့် ဟယ်ရီဝီလ်ဆင်ကို အငှားနဲ့ ပြန်ခေါ်ဖို့ ယခုရာသီမှာ မဖြစ်နိုင်သလောက် ရှိနေပြီလို့ ဒါဘီနည်းပြသစ် ဖီးလစ်ကိုကူက ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ ဗန်ဒိုက်ဟာ Balloon D’Or ဆုအတွက် ရေပန်းစားနေဆဲဖြစ်ပြီး အမှန်တကယ်သာ ရရှိခဲ့ပါက နှစ်ပေါင်း (၂၀) ကြာ နောက်ခံကစားသမားတွေ အဆိုပါဆု မရယူနိုင်မှုကို အဆုံးသတ်နိုင်မှာပါ။

ဒိုင်ဘားလားရဲ့ ပြောင်းရွေ့ကြေးကို ပေါင်သန်း (၇၀) ခန့်သာ သတ်မှတ်လာခြင်းကြောင့် လီဗာပူးအသင်း ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားမှုတွေ ရှိလာနေပါပြီ။

ဖီဖာရဲ့ စည်းမျဉ်းတွေကြောင့် လီဗာပူးရဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်နေရတဲ့ ကစားသမားသစ် Sepp van den Berg ကို စပို့တင်းအသင်းနဲ့ ပွဲစဉ်မှာ မြင်တွေ့ရဖို့ ပရိတ်သတ်တွေက မျှော်လင့်နေကြပါတယ်။

လီဗာပူးအသင်းနဲ့အတူ တောက်ပခဲ့ပြီး အသင်းကို စွန့်ခွာခဲ့တဲ့ စတာလင်ကတော့ FIFA ဘောလုံးဂိမ်းကို ကစားတဲ့အခါမှာ လီဗာပူးအသင်းကို ရွေးချယ်ကစားလေ့ရှိကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။