မက်ဂွိုင်းယားကို ခေါ်ယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်ကို တော်တင်ဟမ် နောက်ခံလူ Alderweireld ကို အစားထိုးခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိလာနေပါပြီ။

ယူနိုက်တက်ပရိတ်တက်တွေဟာ အသင်းရဲ့ ဂိုးသမား ဒီဂီယာအတွက် သက်တမ်းတိုးနိုင်မယ့်သတင်းကို မကြာခင် ကြားသိရဖို့ မျှော်လင့်နေကြပါတယ်။

စပိန်ကလပ်အသင်းတွေဟာ စက်တင်ဘာ (၂) ရက်နေ့အထိ ကစားသမား ခေါ်ယူခွင့် ရှိနေတဲ့အတွက် ပေါ့ဘာရဲ့ အပြောင်းအရွေ့ကို နောက်ဆုံးအချိန်တွေမှာမှ ရီးရဲက လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက် အမှူဆောင်ချုပ် ဝုဒ်ဝတ်ဟာ တရုတ်ကိုသွားတဲ့ ရာသီကြို ခရီးမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ သူဟာ မက်ဂွဲရားနဲ့ လောင်းစတပ်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို စကားပြောနေပြီး လက်စတာဘက်က မက်ဂွဲရားအတွက် ဈေးကိုင်မယ်ဆိုရင် အခြားသော ခံစစ်သမားတွေကို ခေါ်ယူဖို့ပါ တစ်ပါတည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ဆုဖလားတွေအတွက် မန်စီးတီးနဲ့ လီဗာပူးကို အခက်တွေ့အောင် လုပ်လိမ့်မယ်လို့ ယူနိုက်တက် နောက်ခံလူ လခ်ရှောက သတိပေးစကား ပါးလိုက်ပါတယ်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကနေပြီး ကမ္ဘာတန်ကြေးအကြီးဆုံး အားကစားဆိုင်ရာ အသင်းပေါင်း ၅၀ စာရင်းကို ပြုစုပေးလာရာမှာ အင်္ဂလန်ကလပ်အသင်း ၅ သင်းလည်း ပါဝင်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အဆင့်ရပ်တည်မှု အမြင့်ဆုံးကတော့ ယူနိုက်တက်ဖြစ်ပြီး Forbes ရဲ့ စာရင်းမှာ အဆင့် ၆ နေရာက ရပ်တည်နေပါတယ်။

ယူနိုက်တက်က လက်စတာကို ခေါ်ယူနိုင်ပြီလို့ ထွက်ပေါ်နေတဲ့ သတင်းတွေက မမှန်ပါဘူး။ အခုချိန်ထိ ညိနှိုင်းနေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။

ယူနိုက်တက်ဟာ လိုင်လီတိုက်စစ်သမား ပီပီကို ကမ်းလှမ်းထားတာ မှန်ကန်တယ်လို့ ပြင်သစ်သတင်းတွေဘက်က အတည်ပြုခဲ့ပါပြီ။ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘာဆုဖလားမှ မအောင်မြင်ခဲ့တာ နှစ်ရာသီ ရှိပြီဖြစ်ပေမယ့် အိုလီဂန်နာဆိုးရှားရဲ့ အုပ်ချုပ်မှု အောက်မှာ ဆုဖလားတွေ အတွက် ထပ်မံ ပြိုင်ဆိုင်လို့ ရနိုင်တယ်လို့ စပိန်သား ကွင်းလယ်ကစားသမား ဟွမ်မာတာက ယုံကြည်နေပါတယ်။