အာဆင်နယ်အသင်းဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဆီဘယ်လော့နဲ့ ပြင်သစ်ကလပ် စိန့်အက်တီယန်အသင်း ခံစစ်သမား ဆာလီဘာတို့ကို လာမယ့်ရက်ပိုင်းအတွင်း လက်မှတ်ထိုး ခေါ်ယူနိုင်တော့မှာပါ။

ဆီဘယ်လော့ ရောက်လာမှာက သူ့ကို စိတ်ဝင်စားနေတဲ့ လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ရဲ့ မျှော်လင့်ချက်ကို ရပ်တန့်နိုင်ခဲ့တာဖြစ်လို့ အပြောင်းအရွှေ့မှာ အာဆင်နယ် အတွက် အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။ တော့တင်ဟမ်က အပြီးသတ်ဝယ်ယူခွင့်ကို အလိုရှိပြီး ကစားချိန် အာမခံမှု မပေးနိုင်လို့ လာလီဂါကလပ် အာဆင်နယ် ကို အငှါးချခဲ့တာပါ။

မကြာခင် အပြောင်းအရွှေ့ အပြီးသတ်တော့မယ့် စိန့်အက်တီရန်နီ ဗဟိုခံစစ် ဝီလီယံ ဆလီဘာ ကလဲ စပါးထက် အာဆင်နယ် ကို ရွေးချယ် ခဲ့ပါတယ်။ တစ်ရာသီထဲ ကစားရမှာမို့ ဆီဘယ်လော့ ကို ခွဲခြားဆက်ဆံမှာ မဟုတ်ဘူးလို့ အမ်မရီက ပြောပါတယ်။

ဂန်းနားနည်းပြကြီးကတော့ “ဒီမှာရှိတဲ့ ကစားသမားတွေက ကျနော့်အတွက် အတူတူပါပဲ။ တချို့တွေက အကြာကြီး ရှိနေမယ်၊ တချို့တွေက ခဏပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ အသင်း တိုးတက်ဖို့ လိုတယ်။

ကစားသမားတွေက ကျနော်တို့ အသင်း တိုးတက်အောင် မတူညီတဲ့ အရည်အချင်း တွေနဲ့ ကူညီ ပေးနိုင်တယ်ဆိုရင် ကျနော်တို့ ခေါ်ယူချင်တယ်။ ဘယ်လောက်များများ ခေါ်မလဲတော့ မသိပေမယ့် နှစ်ယောက် သုံးယောက်ပဲ။ လေးယောက် ထက်တော့ မများပါဘူး။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။