မန်စီးတီး လူငယ်ကစားသမား ဖီးဖိုဒန်က အသင်းမှာ သူ အပါအ၀င် လူငယ်ကစားသမား အချို့ဟာ အခွင့်အရေးကောင်းတွေ ရနေပြီး မန်ချက်စတာ စီးတီးလို စပါယ်ရှယ် အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ရလို့ ကံကောင်းတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီနွေမှာ စီးတီးသို့ ရောက်ရှိလာတဲ့ ရိုဒရီဟာ မန်စီးတီးကို ပိုပြီး ပြိုင်ဆိုင်မှုအားကောင်းစေကြောင်း ဖွင့်ဟကာ ဘာနာဒိုဆေးလ်ဗားက ကြိုဆို စကား ဆိုလိုက်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးရဲ့ ခြေစွမ်းထက် ကွင်းလယ်လူငယ် ကစားသမား ဒေါက်ဂလပ် လူးဝစ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေငြာသွားပါတယ်။

ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မတိုင်ခင် နှစ်ပတ်ကျော်သာ လိုတော့ပေမယ့် မန်စီးတီး ဟာ ဗဟိုတိုက်စစ်မှူး တစ်ယောက် မပါဘဲ လေ့ကျင့်ရေး ဆင်းနေဆဲ ဖြစ်ပါတယ်။

ရာသီကြိုအတွင်း ဂွာဒီယိုလာက သူ့ရဲ့ ကစားကွက်နဲ့ ပတ်သက်ပြီး နောက်ရာသီ အစမှာ အဂွဲရိုးနဲ့ ဂျီးဆုတို့ ကြံ့ခိုင်မှု ပြည့်ဝဖို့ အချိန်လို နေသေးရင် ရာသီကြိုမှာ ဗဟိုတိုက်စစ်အတွက် ထိထိရောက်ရောက် အကျိုးပြုနိုင်ခဲ့တဲ့ စတားလင်း ပါဝင်ရလိမ့်မယ်လို့ အရိပ်အမြွက် ပေးခဲ့ပါတယ်။

မန်နေဂျာ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ ရာသီကပဲ ဒေးဗစ် ဆေးဗားဟာ အသက်အရွယ် ရလာလို့ ပွဲတိုင်း ကစားနိုင်တော့မှာ မဟုတ်ဘူး မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်ဆေးဗားဟာ သူက မန်စီးတီးရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် အဓိက ကစားသမားအဖြစ် ဆက်ရှိနေဆဲပါဆိုတာကို ရာသီကြိုပွဲတွေမှာ သက်သေပြထားပြီဖြစ်ပါတယ်။