ရှက်ဖီးယူနိုက်တက်သို့ အငှားနဲ့ ပြန်ရောက်သွားပြီ ဖြစ်တဲ့ ယူနိုက်တက် ဂိုး သမား ဒင်း ဟန်ဒါဆန်က ရှက်ဖီးသို့ ပြန် မသွားရမှာ နေ့စဉ် စိတ်ပူနေခဲ့မိကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။ ၄င်းက ပြီးခဲ့တဲ့ရာသီကပဲ ရှက်ဖီးမှာ လက်စွမ်းပြကာ ပရီးမီးယားလိဂ်သို့ တန်းတက်လာအောင် ကူညီပေးခဲ့ပြီး ယူနိုက်တက်နဲ့ သက်တမ်းတိုးစာချုပ် ကိစ္စရပ်များ ရှိနေတာကြောင့် အငှားပြန်သွားဖို့ ကြံ့ကြာနေခဲ့တာပါ။

ယူနိုက်တက်ဟာ လက်ကျန် အပြောင်းအရွှေ့ကာလတွေမှာ ကလပ်အသင်းရဲ့ ထိပ်တန်းဦးစားပေး ခေါ်ယူမှုအဖြစ် ဗဟိုခံစစ်နေရာကို အင်အားဖြည့်ဖို့ ရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူ အဒ်ဝုဒ်ဝတ် ဦးဆောင်တဲ့ ကလပ်အသင်း တာဝန်ရှိသူတွေဟာ လက်စတာအသင်း ခံစစ်မှူး မက်ဂွဲရားအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံး ပိတ်ရက်တွေထိ မက်ဂွဲရားကို မခေါ်နိုင်ခဲ့ဘူးဆိုရင် အမြန်ဆုံး ပြောင်းလဲချိတ်ဆက်မှု ပြုလုပ်နိုင်ဖို့ အခြားသော ခံစစ်မှူးအဖြစ် ဘင်ဖီကာအသင်းမှ ရူဘင် ဒိုင်ယာ့ဇ်ကို ကမ်းလှမ်းဖို့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ အကိုဖြစ်သူကတော့ ၄င်းညီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို တိုးတက်လာအောင် အကောင်းဆုံး ကူညီထောက်ပံ့ပေးနိုင်မယ့်သူ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒိုင်ယာ့ဇ်ဟာ ဥရောပရဲ့ တောက်ပတဲ့ အနာဂတ်ရှိသူ လူငယ်တွေထဲက တစ်ဦးဖြစ်ပြီး ကုန်ခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်းမှာ ဘင်ဖီကာအသင်းရဲ့ အဓိက ကစားသမားအဖြစ် ထွန်းတောက်လာခဲ့သူဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်လေးအတွက် စာချုပ်ပါ ပြောင်းရွှေ့ကြေးဟာ ပေါင် ၅၉.၃ သန်းလို့လည်း သိထားရပါတယ်။

ဒီယိုဂို ဒါးလော့ဟာ ရာသီသစ်မှာ မန်နေဂျာဆိုးရှားရဲ့ ဝှက်ဖဲဖြစ်လာနိုင်ပြီး ညာကွင်းလယ်၊ ညာတောင်ပံနဲ့ ဘယ်အစွန်နေရာတွေက ကစားပေးရမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖူးတဲ့ ဒေးဗစ်မိုယက်စ်က လက်ရှိနည်းပြ ဆိုးရှားဟာ အိုးထရက်ဖို့ဒ် အခြေစိုက် ကလပ် အသင်းမှာ အောင်မြင်နိုင်ပေမယ့် ခက်ခဲ့တဲ့ ရာသီ၊ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ တန်းစီ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

နော်ဝေအသင်းဖြစ်တဲ့ Kristiansund နဲ့ ရင်ဆိုင်ဖို့ သွားရောက်တဲ့ ယူနိုက်တက်ရဲ့ ရာသီကြို ပြင်ဆင်မှုအတွက် အတည်ပြု လူစာရင်းမှာ တိုက်စစ်မှူး လူကာကူကို ဖယ်ထုတ်ခဲ့ပြီဖြစ်ပါတယ်။ အော်စလို ခရီးစဉ်အတွက် ယူနိုက်တက်ဟာ အတည်ပြု ကစားသမား ၂၆ ဦးပါ လူစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လူကာကူ မပါဝင်ခဲ့တာဖြစ်တယ်။

ယူနိုက်တက် စီနီယာအသင်းရဲ့ ရာသီသစ်အတွက် ကြံ့ခိုင်မှုနဲ့ အရေးကြီးသော ပြင်ဆင်မှုတွေ လုပ်ဆောင်မယ့် ရာသီကြို နောက်ဆုံးပြင်ဆင်မှု ထွက်ခွာသွားတဲ့ လူစာရင်းထဲမှာ ဒဏ်ရာရထားတဲ့ ဘိုင်လီနဲ့ တိုက်စစ်မှူး ဆန်းချက်တို့ မပါဝင်လာပါဘူး။ စပါးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ လူငယ်ကစားသမား တာဟစ်ချောင်ကတော့း ပါဝင်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ဂန္တ၀င်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား ဂျွန်မက်ဂင်းကို ခေါ်ယူဖို့ တိုက်တွန်းအကြံပြုစကားဆိုလိုက်ပါတယ်။