ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ယူနိုက်တက် နောက်ခံလူဟောင်း အီဗရာကို ယူနိုက်တက် ဂန္တဝင်ဟောင်း ရွန်းနီက နှုတ်ဆက်စာ ပေးပို့ခဲ့ပါတယ်။

ဂျူဗင်တပ်ဘက်က ယူနိုက်တက်တိုက်စစ်မှူး လူကာကူအပြင် နောက်ထပ် ယူရို သန်း ၃၀ တန် ကမ်းလှမ်းမှုမျိုး ရမယ်ဆိုပါက ဒိုင်ဘာလာကို လက်လွတ်မယ်လို့ သတင်းတွေ ဖြန့်နေပါတယ်။

ယူနိုက်တက်က အသည်းအသန်ကြိုးစားနေတဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ နေမကောင်းဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် လက်စတာရဲ့ ရာသီကြိုပွဲစဉ်တွေကနေ ခွင့်ယူခဲ့တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းဟာ Kristiansund အသင်းနဲ့ ရာသီကြိုပွဲစဉ် ထပ်မံကစားဖို့ နည်းပြဆိုးရှားရဲ့ ဇာတိ နော်ဝေကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ နည်းပြဆိုးရှားရဲ့ ဇာတိအသင်းနဲ့ ခြေစမ်းပွဲကစားမယ့် ယူနိုက်တက်အသင်းမှာ ဒါမီယန်၊ ဘိုင်လေ၊
ဂျိမ်းဂါနာ နဲ့ ဆန်းချက်ဇ်တို့ ပါဝင်မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။

ယူနိုက်တက်နည်းပြဟောင်း မိုရက်စ်က သူသာ ယူနိုက်တက်မှာ ဆက်ရှိနေခဲ့ပါက အသင်းဟာ ယခုချိန်ထပ် အောင်မြင်မှုတွေ ပိုမိုရနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် နောက်ခံကစားသမား မာကိုရိုဂျိုဟာ လာမယ့်ရာသီမှာ အသင်းမှာ နေရာရနိုင်ဖို့ မသေချာတဲ့အတွက် အသင်းပြောင်းလိုနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွေ့ ရာသီမပိတ်ခင် ဗဟိုခံစစ်သမားတစ်ဦးနဲ့ တိုက်စစ်ကစားသမားတစ်ဦး အရခေါ်ယူဦးမယ်လို့ သတင်းတွေ ပေါ်ထွက်နေဆဲပါ။

အပြောင်းအရွေ့ ကောလဟာလတွေ ပြန့်နှံ့နေတဲ့ လူကာကူရဲ့ အနာဂတ်ဟာ ယခုပတ်ထဲမှာ အဖြေပေါ်လာမယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အားပြန်ဖြည့်ဖို့ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီအတွက် ပေါင်သန်း (၄၀) နဲ့ ကမ်းလှမ်းမှု ပြုလုပ်တော့မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ယူနိုက်တက် ခေါ်ယူလိုနေတဲ့ ဆီဗီလာတိုက်စစ်မှူး Ben Yedder ဟာ တရုတ်စူပါလိဂ်အသင်းရဲ့ ကမ်းလှမ်းမှုကိုတော့ ငြင်းပယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက် နောက်ခံလူ ဒါမီယန်ကို ခေါ်ယူဖို့ စပိန်ထိပ်သီးအသင်းတွေထဲက စိတ်ဝင်စားမှုတွေ ရှိလာနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။