လီဗာပူးအသင်းနဲ့လမ်းခွဲခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး စတားရစ်ဟာ Trabzonspor အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိလာနေပြီး ဒီအပတ်ထဲမှာ စကားပြောမှု ပြုလုပ်ကြမယ်လို့ သိရှိရပါတယ်။

လီဗာပူးခံစစ်မှူးဗန်ဒိုက်က ကလပ်အသင်းရဲ့ ကစားသမားတွေဟာ အမြင့်ဆုံး အဆင့်တွေကို ရောက်နေကြပြီလို့ ထုတ်ပြောပါတယ်။ သူကပဲ နာပိုလီအသင်းက ခြေစွမ်းအတိုင်း ကစားမယ်ဆိုရင် ကွန်မြူနတီဒိုင်းပွဲမှာ အရေးနိမ့်မယ့်အသင်းက လီဗာပူးဖြစ်မယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

စပါးမန်နေရဂျာပိုချက်တီနိုက လီဗာပူးဟာ လက်ရှိ အဆင့်အတန်းကို ရောက်လာဖို့ ၁၀ နှစ်လောက် ငွေသုံးလာတာဖြစ်ပြီး စပါးအသင်းကတော့ ငွေမသုံးနိုင်တဲ့ အနေအထားကနေ ကြိုးစားလာတာဖြစ်လို့ အထင်မကြီးဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက လာမယ့်ရာသီမှာ အမှတ်ပေးဇယားအတွက် ကြိုးစားမယ့် အသင်းတွေဟာ ရမှတ်တွေ အလွန်အကျွံရဖွယ် မရှိပဲ ရမှတ် ၈၀ ကျော်ဖြင့် လိဂ်ကို အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

လီဗာပူးအသင်းဟာ သူတို့ရဲ့ ပစ်မှတ်သစ်အဖြစ် Bordeaux တိုက်စစ်မှူး ဖရန်ကိုစစ်ကမာနိုကို ခေါ်ယူလိုနေသလို ဝက်စ်ဘရွန်းအသင်းရဲ့ လူငယ်ကစားသမား ရေဟန်တူးလောစ့်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းပေါ်ထွက်လာပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလာပ့်က သူ့အသင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် ဟာဗေးအီးလီးယောခ့်ဟာ အသင်းအတွက် အပေါင်းလက္ခဏာဆောင်သူ တစ်ဦးဖြစ်ပြီး ပွဲထွက်ခွင့်တွေ ပေးမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလာပ့်ဟာ ရာသီစပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ကွန်မြူနဒီဒိုင်းပွဲစဉ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အသင်းကို မြင်တွေ့ရပါမယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လူငယ် တောင်ပံတိုက်စစ်ကစားသမား ဟယ်ရီဝီလ်ဆင်ကို ဂျာမနီကလပ် ဒေါ့မွန်အသင်းက ချဉ်းကပ်မှုတွေ ရှိလာနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လီဗာပူးအသင်းကို စွန့်ခွာဖို့ သေချာသလောက် ဖြစ်နေတဲ့ နောက်ခံလူ လိုဗရန်ဟာ အေစီမီလန်အသင်းထံ ပြောင်းရွေ့ဖို့ အဆင်မပြေမှုတွေ ရှိနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလာခ့်ကတော့ နွေရာသီအပြောင်းအရွေ့ဟာ သူ့အတွက် အရေးမကြီးသေးပဲ နောက်ထပ် အပြောင်းအရွေ့ ဈေးကွက်ဖွင့်ချိန်မှသာ ကစားသမားခေါ်ယူမယ်လို့ ပြောဆိုခဲ့ပါတယ်။