နာပိုလီနဲ့ ခြေစမ်းပွဲမှာ အင်ဇာဂီရဲ့ သွင်းဂိုးနဲ့ ပက်သက်ပြီး ကလော့ပ်က ဗန်ဒိုက်ကို တိုက်ရိုက် အပြစ်တင်ခြင်း မဟုတ်ပေမယ့်လို့ ခံစစ်မှူးရဲ့ အနေအထား အပေါ် နည်းပြလိုင်းက ကလော့ပ်ကတော့ မကျေမနပ်ဖြစ်နေခဲ့ကြောင်း သိရပါတယ်။

နာပိုလီအသင်း မန်နေဂျာအန်ဆယ်လော့တီကတော့ ရာသီကြိုပွဲတွေနဲ့တင် လီဗာပူးကို အကဲဖြတ်မယ်ဆိုရင် မှားသွားမယ်လို့ ဆိုပါတယ်။ ဥရောပချန်ပီယံ လီဗာပူးအသင်းက ရာသီကြိုမှာ သုံးပွဲဆက် အရေးနိမ့်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် အဓိက တိုက်စစ် တစ်တွဲလုံး မပါဝင်သေးပါဘူး။

လီဗာပူးရဲ့ ရာသီကြို ခြေစွမ်းကြောင့် လီဗာပူးအသင်း အဝတ်လဲခန်းထဲမှာ ပြင်းထန်တဲ့ သတိပေးခြင်းတွေရှိနေပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ လက်ထောက် အသင်းခေါင်းဆောင်မီလ်နာတို့က ကလပ်အသင်းဖော်တွေ လိုအပ်ချက်များနေတဲ့အပေါ် ပြင်းပြင်းထန်ထန် သတိပေးပြီး အာရုံစိုက်ကြဖို့ နိုးဆော်ခဲ့တယ်လို့ သိရတယ်။

လီဗာပူးအသင်း ခေါင်းဆောင်တွေရဲ့ သတိပေးမှုနဲ့အတူ အားလုံးသော အသင်းသားတွေက လက်ရှိခြေစွမ်းနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးကို ရင်ဆိုင်လို့မရပဲ အများကြီး တိုးတက်လာရမယ်လို့ နားလည်ခဲ့ကြကြောင်းကို ဘယ်အစွန်လူ ရော်ဘတ်ဆန်က ဒေးလီးမေလ်းနဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က လာမယ့် တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်းပွဲမှာ ပက် ဂွာဒီယိုလာရဲ့ အသင်းကို နိုင်လိုက်ပေမယ့် မန်စီးတီးကပဲ ဒီနှစ် ပရီးမီးယားလိဂ် ဗိုလ်စွဲသွားပြန်ရင် ထိုနိုင်ပွဲက အလကားဖြစ်သွားမှာပဲလို့ သတိပေး ပြောကြားလိုက်ပါတယ်။

ကလော့ပ်ဟာ ပြိုင်ဘက် မန်စီးတီးနဲ့ တနင်္ဂနွေနေ့ ၀င်ဘာလေမှာ အက်ဖ်အေ ကွန်မြူနတီဒိုင်းပွဲစဉ် ကစားရတော့မှာ ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ နှစ်သင်း ဆုံတဲ့ပွဲ ရှုံးနိမ့်ပါက ရာသီအစမှာတင် စိတ်ဓာတ်ရေးရာ ထိုးနှက်မှု ကြုံရမှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အသည်းကွဲခန်း အပြီးမှာ ၁၀ ရက်လောက် အိမ်ထဲက အိမ်ပြင် မထွက်ဘဲ ဘာမှ လုပ်ချင်စိတ် မရှိ ဖြစ်ခဲ့ရကြောင်း စပါးနည်းပြ ပိုချက်တီနိုက ၀န်ခံလိုက်ပါတယ်။