အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက အမ်းမရိတ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဂျူဗင်တပ်ကွင်းလယ်လူ ခါဒီယာကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားပါတယ်။

အာဆင်နယ်အသင်းဟာ လိုင်လီတောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က လက်ငင်း သန်း ၂၀ အရင်ပေးပြီးမှ ငါးနှစ် အရစ်ကျနဲ့ လက်ကျန်ငွေကို ဆက်လက် ပေးသွားမှာပါ။

နစ်ကိုးလပ်စ် ပီပီဟာ ဆေးစစ်မှု ခံယူဖို့ အာဆင်နယ်အသင်းထံ ထွက်လာနေပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်၊ အဲဗာတန်၊ ဒေါ့မွန်နဲ့ နာပိုလီ ကလပ်အသင်းများ အားလုံးက ဘာစီလိုနာ တောင်ပံကစားသမား မယ်ကွန်ကို ခေါ်ဖို့ စိတ်ဝင်စားမှု ပြသလာပါတယ်။ လာလီဂါ ချန်ပီယံကလပ်ကတော့ ဘရာဇီးသား အတွက် ပေါင် ၄၅ သန်းလောက် အလိုရှိနေတာပါ။

ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်နဲ့ စပါး တိုက်စစ်မှူးဟောင်း အဒီဘာယောကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၃၅ နှစ် အရွယ် တိုက်စစ်မှူးဟာ ဒီနွေမှာပဲ အစ္စတန်ဘူလ် ဘာဆက်ဆီဟာအသင်းနဲ့ စာချုပ်ကုန်ဆုံးကာ အသင်းမဲ့ ဖြစ်နေတာပါ။ ၄င်းကို ၀က်ဖို့ဒ်နဲ့ ရှက်ဖီးလ် ယူနိုက်တက်တို့ကလည်း ခေါ်ယူလိုနေပါတယ်။

အာဆင်နယ်ကစားသမားသစ် ဒန်နီ ဆီးဘယ်လော့က လိုင်ယွန်နဲ့ ပွဲအပြီးမှာ တွစ်တာကနေ – ” ကျနော်တို့ အသင်း မနိုင်ခဲ့ပေမယ့် တကယ့် စပါယ်ရှယ်နေ့ရက် ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ အတူ အမ်းမရိတ်မှာ ပွဲထွက် ကစားခွင့်ရတာ၊ အသင်း ပရိသတ်တွေကို မြင်ရတာ တကယ့် အံ့ဖွယ် ဖီလင်ပါပဲ။” လို့ ရေးသားခဲ့ပါတယ်။

ဗဟိုခံစစ်နေရာအတွက် ဆာဘီဘာကို ပေါင် ၂၇ သန်းနဲ့ သဘောတူညီမှု ရထားတဲ့ အာဆင်နယ်ဟာ ဗဟိုခံစစ်အတွက် လူသစ် ထပ်မံခေါ်ယူဖို့ မရှိပဲ ဘယ်အစွန်နေရာအတွက် ဆဲလ်တစ်အသင်းမှ တီရာနီကိုပဲ ချိတ်ဆက်မှုတွေ ထပ်မံ ပြုလုပ်မှာ ဖြစ်ပါတယ်။