မန်စီးတီးဟာ ဆာနေးကို လက်လွှတ်ရပါက အစားထိုး ခေါ်ယူရန် ရီးရဲလ် ဆိုဆီဒက် တိုက်စစ်သမား မီခေးလ် အိုရာဇာဘယ် ကို ပစ်မှတ် ထားလာပါတယ်။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်သမား အိုရာဇာဘယ်ကို ခေါ်ယူလိုပါက စီးတီး အနေနဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၇ သန်း ပေးရဖို့ ရှိပါတယ်။

မန်စီးတီး တိုက်စစ်မှူး စတားလင်းက အသင်း အ၀တ်လဲခန်းက ဦးဆောင်သူထဲမှာ သူလည်း တစ်ဦး အပါအ၀င်ဖြစ်ကြောင်း ၀န်ခံခဲ့ပေမယ့် ကွန်ပနီ ထွက်ခွာသွားတဲ့နောက် လစ်လပ်နေတဲ့ အသင်းခေါင်းဆောင် ရာထူးအတွက်တော့ သင့်တော်သူ အသင်းမှာ အများအပြား ရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဈေးကွက်ထဲမှာ ဘယ်ခံစစ်မှူး တစ်ယောက် ရှာဖွေဆဲ ဖြစ်နေတဲ့ ဂွာဒီယိုလာက အပြောင်းအရွှေ့ မပိတ်ခင် ဘန် ချေးဝဲလ်ကို ခေါ်ယူနိုင် လိမ့်မယ်လို့ ဘွန်ကီဒိုင်တွေက ကြေးဖွင့်မှုတွေ ရှိလာပြီး အလေးပေးမှု 6/4 ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ နယ်လ်ဆန် ဆီမီဒိုကို ခေါ်ယူဖို့ ဘာစီလိုနာကို ဆက်သွယ် မေးမြန်းနေတယ်လို့ သိရပါတယ်။ စီးတီးဟာ ဂျူဗင်တပ် ခံစစ်မှူး ကန်ဆယ်လိုကို လက်လွှတ်ရပြီးနောက် ဆီမီဒိုဘက် လှည့်လာတာပါ။ ဘာစီလိုနာကတော့ တရားဝင် ကမ်းလှမ်းမှု စောင့်ဆိုင်းနေပါတယ်။