မန်ယူအသင်း လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပေါင် ၈၀ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူဟာ ခံစစ်ပိုင်းအတွက် စိတ်ချရပြီဖြစ်လို့ ဆက်ပြီးလည်း ဒိုင်ဘာလာနဲ့ လူကာကူ အလဲအထပ် ကိစ္စကို အာရုံစိုက်နိုင်ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာအပြင် ရိုဂျို၊ ဒါမီယန်း အစရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့ကနေ ငွေကြေးပြန်ရှာမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဆိုးရှားက အဖြေပေးရာမှာ “ ဈေးကွက်နဲ့ ပက်သက်ပြီး ကျနော်တို့အပေါ် ထင်မြင်ချက်တွေပေးတဲ့ သတင်းတွေက အရမ်းကို များပြားနေပါတယ်။ ဒါက ဈေးကွက်မှာ ကလပ်အသင်းတွေ ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ ကိစ္စကပါပဲ။ အပြောင်းအရွှေ့ကာလတွေမှာ ဒီလိုသတင်းတွေ ထွက်ပေါ်တာကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။

ပေါ့ဘာ၊ လူကာကူအပြင် အသင်းက ကစားသမားတွေနဲ့ အမြဲတမ်း စကားတွေ ပြောဖြစ်ပါတယ်။ အသင်းသားတွေနဲ့ အမြဲတမ်း စကားပြောမှုတွေလည်း လုပ်နေပါတယ်။ အခုချိန်ထိ အသင်းက ကစားသမားတွေကို ကြီးမားတဲ့ ကမ်းလှမ်းမှုတွေမှ မရရှိထားသေးပါဘူး။ ပေါ့ဘာ အပါအဝင် အသင်းရဲ့ ကစားသမားတွေဆီမှာ စာချုပ်ကာလ အရှည်ကြီးတွေ ရှိနေပါသေးတယ်။

ကျနော်တို့က မန်ချက်စတာယူနိုက်တက်ပါ။ ကစားသမားတွေကို ရောင်းချနေစရာ လိုအပ်တဲ့အသင်း မဟုတ်ပါဘူး” လို့ အဓိက ကစားသမားတွေကို ရောင်းထုတ်ဖို့ အစီအစဉ် မရှိကြောင်း ဖြေရှင်းပေးသွားပါတယ်။