ဂျူဗင်တပ်ကနေ ထွက်ခွာပြီး နယ်မြေသစ်ကို ပြောင်းရွှေ့ ကစားဖို့ သတင်းကြီးထားတဲ့ တိုက်စစ်မှူး ဒိုင်ဘာလားကို ယူနိုက်တက်ထံ ပြောင်းကစားဖို့ တိုက်စစ်မှူးရော်နယ်ဒိုက အကြံပေးစကား ပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဒိုင်ဘာလာနဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူတို့ကို သက်ဆိုင်ရာ ကလပ်အသင်း နှစ်သင်းက အလဲအထပ် ပြုလုပ်လိုနေတာဖြစ်တယ်။ အီတလီကလပ်မှာ နေရာမရဖြစ်နေတဲ့ ဒိုင်ဘာလားက ပုံမှန်ပွဲထွက်ခွင့်ရမယ့် ယူနိုက်တက်ကို ပြောင်းဖို့ ညိနှိုင်းမှုတွေ လုပ်နေပါတယ်။

ယူနိုက်တက်မှာ ၆ ရာသီကြာ ပါဝင်ကစားခဲ့ပြီး ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုရခဲ့တဲ့ ရော်နယ်ဒိုက သူ့လို အောင်မြင်ဖို့ ယူနိုက်တက်ထံ ပြောင်းခွင့်ရလာတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ဒိုင်ဘာလာကို မက်စေ့ပို့ခဲ့တာဖြစ်တယ်။ ယူနိုက်တက်က ဒိုင်ဘာလာကို ကစားသမားဘဝ နောက်တစ်ဆင့်ကို မြင်လာစေမယ်လို့လည်း ရော်နယ်ဒိုက ထောက်ခံခဲ့ပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေဟာ ဂျူဗင်တပ်မှာ နေရာမရဖြစ်နေတဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် ၂၀၁၉ ဧပြီလကုန်ကတည်းက ချိတ်ဆက်နေတာပါ။ မန်နေဂျာဆိုးရှားကဆိုရင် ဒိုင်ဘာလာကို ခေါ်ယူဖို့ဆိုရင် သူ့ရဲ့ခြေစွမ်းကို အသေးစိတ် လိုက်ပြီး လေ့လာမှုတွေ လုပ်ဖို့တောင် မလိုပါဘူးလို့ ဆိုထားဖူးပါတယ်။

တိုက်စစ်မှူး ဒိုင်ဘာလား ကိုယ်တိုင်ကတော့ သူဟာ စီးရီးအေကလပ်မှ အသင်းဖော်ဟောင်း ပေါ့ဘာနဲ့ တစ်သင်းတည်းမှာ ပြန်လည်တွဲဘက် ကစားလိုတယ်လို့ ဒီနွေတုန်းကပဲ ဝန်ခံထားပါတယ်။