ချယ်ဆီးကွင်းလယ်လူဟောင်း ကလော်ဒီမက်ခီလီလီဟာ လူငယ်မျာရေးရာ နည်းစနစ်အကြံပေးတာဝန်ကို ရယူခြင်းနဲ့အတူ လန်ဒန်ကလပ်အသင်းကို တစ်ကျော့ပြန်လာခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ ချယ်ဆီးအသင်း ခေါ်ယူခဲ့ပြီး ချယ်ဆီးရဲ့ အောင်မြင်မှုကာလ ခေတ်ဦးမှာ ကလပ်အသင်းနဲ့ ဆုဖလား ၅ လုံး အပါအဝင် အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ မက်ခီလီလီဟာ ကန်တေလိုပဲ ပရိသတ်ချစ် ကွင်းလယ်လူ ဖြစ်ခဲ့ဖူးသူပါ။ သူဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ကလပ်အသင်းတွေမှာ အုပ်ချုပ်ရေးပိုင်းတွေက ပါဝင်ခဲ့ပြီး လန်ဒန်ကို ပြန်လာခဲ့ပြီဖြစ်တယ်။

ကလပ်အသင်း နည်းပြလမ်းပတ် ဦးဆောင်တဲ့ ချယ်ဆီးမှာ အခြားသော ကစားသမားဟောင်းတွေလိုပဲ တာဝန်ထမ်းဆောင်ရမယ့် နေရာတစ်နေရာကို ရခဲ့ပြီဖြစ်တယ်။ သူဟာ လူငယ်ကစားသမားတွေနဲ့ အငှားထွက်နေတဲ့ အကယ်ဒမီ ကစားသမားတွေရဲက တိုးတက်မှုတွေကို လေ့လာပေးရမှာပဲဖြစ်ပါတယ်။

မက်ခီလီလီက “ အိမ်ကိုပြန်လာရတာ အရမ်းပဲ ဝမ်းသာပါတယ်။ အသင်းက ကျနော်ကို အများကြီးပေးခဲ့ပြီး အခု အသင်းထံ ပြန်လာကာ လူငယ်ကစားသမားတွေ တိုးတက်မှုပိုင်းတွေကို ကူညီပေးနိုင်ပါပြီ။ ကျနော်ရဲ့ အတွေ့အကြုံတွေနဲ့ သူတို့ကို ကူညီနိုင်ဖို့ ကြိုးစားသွားမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။