မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဆာနေးအနေနဲ့ အသင်းမှာ ဆက်မနေလိုဘူးပြောရင် သူ ရောင်းထုတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကစားသမားက ဘိုင်ယန်မြူးနစ်ကို ပြောင်းလိုတယ်ဆိုတဲ့စကား မပြောပါဘူးလို့ ဂွာဒီယိုလာက ပြောပါတယ်။

ဘာစီလိုနာက ထွက်လာပြီးနောက် ဂွာဒီယိုလာ ဥရောပအောင်မြင်မှုနဲ့ ဝေးကွာနေခြင်းဟာ ရှူံးထွက်အဆင့် ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေရဲ့ နည်းစနစ်ပိုင်းထက် ကိုယ်ရဲ့ နည်းစနစ်တွေကိုပဲ အဓိက အာရုံစိုက်နေခြင်းကြောင့်လို့ ဝါရင့်မန်နေဂျာဟောင်းကြီး ဗန်ဟားက ထောက်ပြပြောဆို ခဲ့ပါတယ်။

ဘရာဇီးကလပ် အင်တာနေစီရွန်နယ်က မန်စီးတီး မှ အီဒါဆန်နဲ့ လီဗာပူး ဂိုးသမားအယ်လီဆန်တို့ဟာ ကမ္ဘာထိပ်တန်း ဂိုးသမားတွေဖြစ်ပြီး အယ်လီဆန်ကတော့ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားပါလို့ သူ့အမြင်ကို ပြောပါတယ်။

မန်စီးတီးဟာ ချန်ပီယံရှစ်ကလပ် ဝက်ဘရွန်းအသင်းမှ အသက် ၁၇ နှစ်အရွယ် အင်္ဂလန်သား တိုက်စစ်မှူး မော်ဂန်ရိုဂျာကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါပြီ။ မော်ဂန်ဟာ စီနီယာအသင်းနဲ့ ပွဲထွက်ဖို့ အချိန်ယူရဦးမှာဖြစ်ပြီး လူငယ်အသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။

မန်စီးတီးဟာ လက်စတာခံစစ်မှူး မက်ဂွဲရားကို ခေါ်ယူခွင့်အား မရနိုင်တော့တာ သေချာခဲ့ပါပြီ။ နောက်ဆုံးသော ဈေးကွက်လှုပ်ရှားမှုအဖြစ် ဂျူဗင်တပ်အသင်းမှ အစွန်လူ ကန်ဆယ်လိုကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို မန်စီးတီးနဲ့ လီဗာပူးတို့ပဲ ထပ်မံ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယာဂင်ကလော့ပ်ရဲ့ အသင်းထက်စာရင် ဂွာဒီယိုလာကပဲ သုံးကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ ပိုနီးစပ်နေတယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ခန့်မှန်းသွားပါတယ်။

မန်စီးတီးခံစစ်မှူး အော်တာမန်ဒီဟာ ဒီနွေမှာ မန်ချက်စတာက ထွက်ခွာခြင်း မလုပ်ပဲ သူ့ရဲ့ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ် ထားတယ် လို့ သိရပါတယ်။

မန်စီးတီးနဲ့ ဂျူဗင်တပ်တို့ဟာ အစွန်လူတွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ဒန်နီလိုတို့အား အလဲအထပ်နဲ့ ခေါ်ယူမှုတွေလုပ်ဖို့ ညိနှိုင်းဆွေးနွေး နေကြပါ တယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလားကို အောင်မြင်ခဲ့ပြီးနောက် နောက်ထပ် ဆုဖလားတွေ အနိုင်ရဖို့ ရည်ရွယ်နေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကပဲ ရေပန်းစားနေဆဲပါလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ လီဗာပူးမှာ တိုက်စစ်မှူးမာနေး ပါဝင်မှာ မဟုတ်ပါဘူး။ မန်စီးတီးဘက်မှာလည်း ဖနန်ဒင်ဟိုကလွဲလို့ လူစုံနေပါပြီ။ မန်စီးတီးကလည်း လူစာရင်းအပြည့် ထုတ်သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။