ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက မနှစ်ကရာသီ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ရလဒ်ကို နာကျင်ရသေးပေမယ့် ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ ကြိုးစားမယ်လို့ ဘာစီလိုနာပရိသတ်တွေကို ပြောပါတယ်။

လီဗာပူးတောင်ပံသမား မာနေးဟာ မနေ့ညကပဲ မဲဝုဒ်ကို ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ရာသီစ နော့ဝစ်ပွဲမှာ ပါဝင်နိုင်မလားကတော့ မသိရသေးပါဘူး။

ကွန်မြူနတီဒိုင်းပွဲမှာ အချက်အလက်တွေက ဖော်ပြမှုအရ အကောင်းဆုံး ကစားသမားဖြစ်ခဲ့သူက ဆာလက် ဖြစ်ပါတယ်။ ဆာလက်ဟာ အနိုင်ဂိုးတွေ အကြိမ်ကြိမ် သွင်းနိုင်လုဖြစ်ခဲ့ပေမယ့် ကပ်လွဲနေခဲ့တာပါ။

လီဗာပူးအသင်းခေါင်ဆောင်တွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဗန်ဒိုက်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့သွားတဲ့ ခံစစ်မှူး မက်ဂွဲရားကို ကံကောင်းပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။

အသင်းကို စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ ဂိုးသမား မင်နိုးလက်ကို ကွင်းလယ်ကစားသမား ဂျိမ်းမီလ်နာက သူ့ရဲ့ လူမှုကွန်ယက်ကတစ်ဆင့် နှုတ်ဆက်စကား ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

လီဗာပူးအသင်းဟာ အသင်းရဲ့ အရန်ဂိုးသမား နေရာအတွက် ဝက်စ်ဟမ်းအသင်းရဲ့ ဂိုးသမား အာဒရီရန်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ခဲ့ပါပြီ။

ဂါးရက်ဘေလ်းသာ လီဗာပူးအသင်းထံ ရောက်ရှိလာပါက နည်းပြကလာခ့်ဟာ ဘေးလ်ကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်မှာဖြစ်ကြောင်း လီဗာပူးနောက်ခံလူဟောင်း မာခ့်လော်ရန်ဆင်က ပြောကြားခဲ့ပါတယ်။

လီဗာပူး နောက်ခံကစားသမား ဗန်ဒိုက်တော့ ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ဆုဖလားပြိုင်ပွဲဟာ ယခုနှစ်မှာ ပိုမိုပြင်းထန်မှုတွေ ရှိလာမယ်လို့ ပြောငြားခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း Ray Houghton က ယခုနှစ်မှာ နာမည်ကြီးကစား တစ်ဦးမှ မခေါ်ယူခဲ့တဲ့ နည်းပြ ကလာခ့်ကို အံ့ကြမိကြောင်း ပြောကြားခဲ့ပါတယ်။