ယူနိုက်တက် ဂန္တ၀င်တိုက်စစ်မှူးဟောင်း ၀ိန်းရွန်းနီဟာ ဒါဘီကောင်တီအသင်းနဲ့ ကစားသမားနည်းပြ တစ်နေရာအတွက် ညှိနှိုင်းဆွေးနေမှုတွေ ရှိနေပြီး ယခုရာသီမှာ အကောင်အထည်ပေါ်ဖွယ် ရှိနေပါပြီ။

အိုထရတ်ဖိုဒ့်ကွင်းမှာ ရာသီသစ်အတွင်း ကစားရမယ့် အမှတ်ပေးပွဲ အားလုံးအတွက် VAR စနစ်ကို အသုံးပြုသွားမယ်ဆိုတဲ့အကြောင်း တရားဝင် ကြေညာလိုက်ပါပြီ။

ယူနိုက်တက်က မက်ဂွိုင်းယားကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေငြာချိန်မှာပဲ နောက်ခံကစားသမား ရိုဂျိုကလည်း ယူနိုက်တက်ခံစစ်မှာ ကစားနေတဲ့ပုံကို instagram မှာ တင်သွားခဲ့တဲ့အတွက် ပွက်လောတွေ ညံကုန်ပါပြီ။

ယူနိုက်တက်ဟာ တော်တင်ဟမ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူဖို့ အပြီးသတ်လုနီးပါး ဖြစ်နေပြီလို့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။ ပြောင်းရွေ့ကြေး ပေါင်သန်း (၆၀) ခန့် ရှိမယ်လို့လည်း သိရှိရပါတယ်။

ဂျက်ဆီလင်ဂတ်ကတော့ အသင်းထံ ပြောင်းရွေ့လာတဲ့ သူ့ရဲ့ အင်္ဂလန်ကစားဖော် မက်ဂွိုင်းယားကို နွေးနွေးထွေးထွေး ကြိုဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဗန်ပါစီက သူ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ရချိန်တုန်းက ခံစစ်မှူးတွေ ဖြစ်ကြတဲ့ ဖာဒီနန်နဲ့ ဗီဒစ်တို့အတွဲဟာ ရင်ဆိုင်ရအခက်ဆုံးဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ယူနိုက်တက် လူငယ်ဂိုးသမား Alex Fojtíček ဟာ Northern Premier Division ကလပ် Stalybridge Celtic အသင်းထံ အငှားသွားရောက် ကစားဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန်ကစားသမား (၃) ဦးကို နွေရာသီ အပြောင်းအရွေ့မှာ တစ်ပြိုင်တည်း ခေါ်ယူနိုင်ခဲ့ခြင်းဟာ (၁၉၈၉) ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက် နောက်ခံကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ သူလေးစား အားကျခဲ့ရတဲ့ ဖာဒီနန်ရဲ့ ကျောနံပါတ် (၅) ကို ၀တ်ဆင်ခွင့် ရသွားခဲ့ပြီလို့ သိရှိရပါတယ်။

ဟယ်ရီမက်ဂွိုင်းယားအတွက် ပြောင်းရွေ့ကြေးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် (၅) ပတ်ခန့်က ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွေ့ကြေးသာ ဖြစ်တဲ့အတွက် သဘောတူညီမှု ကြန့်ကြာနေပြီး ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ခွင့် မရခဲ့မှုတွေအပေါ် အချို့က ဝေဖန်မှုတွေ ရှိနေပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်ဟာ ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကိုတော့ ဒိုင်လူကြီး Anthony Taylor က ကိုင်တွယ်သွားမှာပါ။