ချယ်ဆီးနည်းပြ လမ်းပတ်က ကွင်းလယ်တိုက်စစ်နေရာ အတွက် ဘာကလေ၊ မေဆန်မောင့်၊ လော့ဖ်တပ်ချိခ်တို့ အပြိုင် ရှိနေပြီး ရွေးချယ်ရ ခက်နေပေမယ့် အသင်းအတွက် ပျော်ရွှင်မိကြောင်း ၀န်ခံပြောဆိုလိုက်ပါတယ်။ ချယ်ဆီးဟာ ကစားသမားသစ်များ မခေါ်ယူနိုင်ပေမယ့် လုံလောက်တဲ့ အင်အားတစ်ရပ် ပိုင်ဆိုင်ထားတာပါ။

” လမ်းပတ်က ကစားသမားကောင်း တစ်ဦး ဖြစ်သူလို လူ ပုဂ္ဂိုလ်အနေနဲ့လည်း လူကောင်း တစ်ယောက်ပါ။ သူက အမြဲ ပရော်ဖက်ရှင်နယ် ဆန်သူ ဖြစ်တယ်။ သူ့ကို ကံကောင်းပါစေ ဆုတောင်းပါတယ်။ ပထမဆုံး ပွဲတော့ မပါဘူးပေါ့။” လို့ ယူနိုက်တက် ကစားသမား မာတစ်က ချယ်ဆီးနဲ့ အဖွင့်ပွဲ မတိုင်ခင် လမ်းပတ်နဲ့ ပတ်သတ်ပြီး ပြောကြားသွားပါတယ်။

ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ကန်တေ ထည့်သွင်းကစားနိုင်မလား မသေချာသေး ပေမယ့် လမ်းပတ်ကတော့ ကန်တေ အတွက် စဉ်းစား စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အင်္ဂလန်ပြင်ပ တိုးတက်မှု အရှိန်အဟုန်ဟာ အတော်လေးကို ကြီးထွားလာခဲ့ပြီဖြစ်ပြီး လာမယ့် သုံးရာသီ ကာလပတ်မှာတော့ ယခင်သုံးရာသီထက် ၃၅% ထိ မြင့်တက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်းကလည်း ရုပ်သံလွှင့်ခတွေ ပိုရလာဖို့ ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ချယ်ဆီးအသင်းကနေ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာလာတဲ့ အင်္ဂလန်သား ခံစစ်မှူး ဂယ်ရီ ကာဟေးလ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။