ဘာစီလိုနာနဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း ပရိသတ်များက ကစားသမား ၃ ယောက်ကို နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ထည့် မကစားဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ထို ၃ဦးကတော့ မီခီတာရန်၊ ဇာခါနဲ့ မစ်လန်းနေးစ်တို့ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘာစီလိုနာနဲ့ ခြေစမ်း ဖလားပွဲ ယှဉ်ပြိုင် ကစားရာ ၂ဂိုး ၁ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဆွာရက်စ်က တစ်ဂိုး အပြင် မစ်လန်နေးက own goal တစ်ဂိုး လက်ဆောင်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော ဂိုးကိုတော့ အူဘာမီးယန်းက အရင် ၃၆ မိနစ်မှာ သွင်းပြီး ဦးဆောင်ခဲ့တာပါ။

ဘာစီလိုနာနဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်တီ အခြေအနေနဲ့ ပတ်သတ်ပြီး အမ်မရီက – ” သူ နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင်နိုင်မယ် မျှော်လင့်ရပါတယ်။ ဆရာဝန်တွေကအတော့ အခြေအနေကောင်းတယ် ပြောထားတယ်။ ဒီရက်တွေ အတွင်းက နည်းနည်း အရေးကြီးပါတယ်။ သူ ဘယ်လောက် တိုးတက်နေလဲ စောင့်ကြည့်ရမှာပါ။” လို့ ပြောကြားထားပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဂျပန်ကလပ်ကနေ အာဆင်နယ်ကို ပြောင်းလာခဲ့တဲ့ တိုက်စစ်မှူး တာကူမာဟာ ဆားဘီးယားကလပ်ထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ဘွန်ဒက်လီဂါကို ဆက်တိုက် အငှားထွက်နေခဲ့တာပါ။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း ကွင်းလယ်လူဟောင်း ကော်တင်ညိုဟာ ဒီရာသီမှာ ဘာစီလိုနာကနေ အငှားထွက်မှာ မဟုတ်ပဲ ကက်တလန်မြေကို သူစွန့်ခွာရရင် အပြီးသတ် စာချုပ်နဲ့ပဲ ဖြစ်လိမ့်မယ်လို့ အေးဂျန့်ဖြစ်သူက သတင်းပေးလိုက်ပါတယ်။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ဘာစီလိုနာနဲ့ ပွဲစဉ်မှာ အသင်းရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကိုတော့ အားရကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။ ၄င်းက ဒီပွဲစဉ်ဟာ ခက်ခဲမှု ရှိမယ်လို့ ကြိုတင် တွေးထားခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ခံစစ်မှူးဟောင်းကြီး မာတင် ကီယွန်က အာဆင်နယ်အသင်းရဲ့ လက်ရှိ ခံစစ်ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ကစားသမားက ရော့ဘ် ဟိုးဒင်းသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က စိတ်ဝင်စားထားတဲ့ အင်တာမီလန်တိုက်စစ်သမား ပရီဆစ်ကို ပြင်သစ်ကလပ် မိုနာကိုအသင်းက ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခွင့်အား ပိုနှစ်သက်တယ်လို့ အေးဂျန့်ကို ထုတ်ပြောထားပါတယ်။