လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကွန်မြူနတီးဒိုင်းပွဲမှာ မန်စီးတီးကို အရေးနိမ့်တဲ့နောက် ပြိုင်ဘက်ကစားသမားတွေရဲ့ ဆုဖလား လက်ခံ ယူမှုအား ကွင်းအောက်ခြေကနေ အသင်းဖော်အားလုံးကို အသေအချာကြည့်စေပြီး ဂုဏ်ပြုမှုလုပ်စေခဲ့ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ကွန်မြူနတီဒိုင်းပွဲကို လာရောက်အားပေးကြတဲ့ နှစ်ဘက်အသင်း ပရိသတ်တွေဟာ ပွဲမတိုင်ခင် ထိတွေ့မှုဖြစ်ခဲ့ပြီး ပုလင်းနဲ့ ပေါက်မှု၊ လက်သီးနဲ့ ထိုးမှုတွေနဲ့ ခိုက်ရန်ဖြစ်မှုအဆင့်ကို ရောက်ခဲ့တယ်လို့ သိရပါတယ်။ ရဲအဖွဲ့တွေကတော့ ရန်ပွဲမှာ ပါဝင်သူတွေကို စတင်ကာ စုံစမ်းနေပါပြီ။

လီဗာပူးမှာ ၆ ရာသီ ကျင်လည်ခဲ့တဲ့ ဂိုးသမား မင်ညိုလက်ဟာ ဇာတိမြေဖြစ်တဲ့ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုစ်အသင်းထံ ပေါင် ၆.၄ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကာ လီဗာပူးပရိသတ်များကိုပါ နှုတ်ဆက် စကား ဆိုသွားပါတယ်။

လီဗာပူးအသင်းဟာ ကလပ်အသင်းကနေ ဘယ်ဂျီယံကလပ် ကလပ်ဘရုစ်ကို ထွက်ခွာသွားတဲ့ ဝါရင့်ဂိုးသမား မင်ညိုလက်နေရာ အစားထိုးဖို့ရာ ဝက်ဟမ်းအသင်းမှ အသက် ၃၂ နှစ်အရွယ် စပိန်သား ဂိုးသမား အန်ဒရီယန်ကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပါပြီ။

လီဗာပူးက မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဗန်ဒိုက်ဟာ ပြိုင်ဘက်ကစားသမား ဂျီဆုရဲ့ မိနစ် ၆၅ မှာ ကျော်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ ဒါဟာ တစ်ရာသီကျော်ကြာ ဗန်ဒိုက်ကို မည့်သည့် ကစားသမားမှ မကျော်ဖြတ်နိုင်တဲ့ စံချိန်တစ်ခု ကျိုးပျက်စေခဲ့ပါတယ်။

လီဗာပူးအနေနဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံသမား ဘေလ်းကို ခေါ်ယူပြီး တိုက်စစ်အင်အား ဖြည့်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေဆဲဖြစ်တယ်။ လီဗာပူးဘက်ကတော့ အရန်ကစားသမားနေရာက ပွဲထွက်ပေးနိုင်မယ့် တောင်ပံသမားကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူနိုင်တယ်လို့ သတင်းကြီးနေဆဲပါပဲ။

ပရီးမီးယားလိဂ်ရဲ့ အင်္ဂလန်ပြင်ပ တိုးတက်မှု အရှိန်အဟုန်ဟာ အတော်လေးကို ကြီးထွားလာခဲ့ပြီဖြစ်ပြီး လာမယ့် သုံးရာသီ ကာလပတ်မှာတော့ ယခင်သုံးရာသီထက် ၃၅% ထိ မြင့်တက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးဟာ ရုပ်သံလွှင့်ခတွေ ပိုရလာဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း ကွင်းလယ်လူဟောင်း ကော်တင်ညိုဟာ ဒီရာသီမှာ ဘာစီလိုနာကနေ အငှားထွက်မှာ မဟုတ်ဘဲ ကက်တလန်မြေကို သူစွန့်ခွာရရင် အပြီးသတ် စာချုပ်နဲ့ပဲ ဖြစ်လိမ့်မယ်လို့ အေးဂျန့်ဖြစ်သူက သတင်းပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါး၊ ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်းဖြစ်သူ ဘာဘာတောဗ့်က လာမယ့်ရာသီ အမှတ်ပေးချန်ပီယံဖြစ်မယ့်အသင်းက မန်စီးတီးဖြစ်ပြီး လီဗာပူးက ဒုတိယနေရာနဲ့ ရာသီသိမ်းမယ်လို့ ခန့်မှန်းလိုက်ပါတယ်။