ကွန်မြူနတီဒိုင်းပွဲက ဆာနေး ဒဏ်ရာနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – ” ပထမကြည့်လိုက်တဲ့ အမြင်အရတော့ သိပ်မကောင်းပါဘူး။ ဒါပေမယ့် တကယ်ဆိုးလား ကျနော် အတိအကျ မသိသေးဘူး။ ဆရာဝန် ပြောတာ ကြည့်ရမှာပဲ။ သူ အဆင်ပြေမယ် ထင်ပါတယ်။” လို့ ပြောကြား ခဲ့ပါတယ်။

လီဗာပူးကို နိုင်တဲ့ ကွန်မြူနတီဒိုင်းပွဲ အပြီးမှာ ဂွာဒီယိုလာက – ” သူတို့က ဥရောပ ချန်ပီယံပါ။ ဒါကြောင့် ဒီနေ့နိုင်ပွဲအတွက် ကျနော် အများကြီး ဂုဏ်ယူရတာပဲ။ တစ်ခါတစ်လေ ကံက ကိုယ့်ဘက်မှာ ရှိတယ်။ တစ်ခါတစ်လေ မရှိဘူး။ ဒါကြောင့်ပဲ သူတို့ကို ရင်ဆိုင်ရတာ ကောင်းတာပါ။ ဒါက ဒီရာသီမှာ ကျနော်တို့ ရင်ဆိုင်သွားရမယ့် အသင်းပါပဲ။ ဆုဖလားတွေ အောင်မြင်ဖို့ အဆုံးသတ် အထိ ကျနော်တို့ ကောင်းကောင်း ပြင်ဆင်ဖို့ လိုပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကွန်မြူနတီးဒိုင်းပွဲမှာ မန်စီးတီးကို အရေးနိမ့်တဲ့နောက် ပြိုင်ဘက်ကစားသမားတွေရဲ့ ဆုဖလား လက်ခံ ယူမှုအား ကွင်းအောက်ခြေကနေ အသင်းဖော်အားလုံးကို အသေအချာကြည့်စေပြီး ဂုဏ်ပြုမှုလုပ်စေခဲ့ပါတယ်။

မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ၄င်းတို့ဟာ မက်ဂွဲရားကို ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် မတတ်နိုင်ခဲ့ကြောင်း ၀န်ခံလိုက်ပြီး အရခေါ်နိုင်ခဲ့တဲ့ ယူနိုက်တက်ကို ကွန်ဂရက်ကျူလေးရှင်းပါလို့ ပြောဆိုခဲ့ပါတယ်။

စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဒီရာသီ ပရီးမီးယားလိဂ် ဖလားအတွက် စိန်ခေါ်နိုင်တဲ့ သူတွေ အများကြီး ရှိကြောင်း ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ စီးတီး တောင်ပံသမား ဆာနေးကို တစ်နှစ်ကို ယူရို ၁၈ သန်းပေးမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ညိနှိုင်းမှုတွေ လုပ်နေပါတယ်။ ဒါပေမယ့်လို့ ဂျာမနီကလပ်ဟာ ဆာနေးရဲ့ မိခင်ကလပ် မန်စီးတီးနဲ့တော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။

မန်စီးတီး ခံစစ်မှူး ဒန်နီလိုဟာ ဂျူဗင်တပ်မှ ကန်ဆိုလိုကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးထဲ အလိုက် အဖြစ် ပါဝင်ကာ အသင်းပြောင်းလိုနေပြီး လစာလည်း လျှော့ယူဖို့ အသင့် ရှိေ်နပါတယ်။