မန်ယူကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး လူကာကူဟာ မန်ချက်စတာကနေ အဝေးကို ရောက်နေခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝ အကယ်ဒမီအသင်းဖြစ်တဲ့ ဘယ်ဂျီယံကလပ် အန်ဒါလက်အသင်းမှာ သွားရောက်လေ့ကျင့်နေပါတယ်။

ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘာလာနဲ့ အလဲအထပ်ပြုလုပ်မယ့် အစီအစဉ်ဟာ ဒိုင်ဘာလာရဲ့ မြင့်မားတဲ့ လစာတောင်းဆိုမှုကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။ နည်းပြဆိုးရှားလက်ထက် ပုံမှန်ပွဲထွက်ခွင့် မရခြင်းကြောင့် အသင်းပြောင်းလိုတဲ့ လူကာကူကို အင်တာမီလန်အသင်းက ကမ်းလှမ်းမှုအသစ်တစ်ခု ထပ်မံပေးသွားဖို့လည်း ပြင်ဆင်နေတာပါ။

အပြောင်းအရွှေ့ကိစ္စ ညိနှိုင်းမှုတွေ မပြီးမြောက်သေးပေမယ့် လူကာကူဟာ မန်ယူရဲ့ ရာသီကြိုပြင်ဆင်မှုတွေမှာ လာရောက်ပူးပေါင်းခြင်းမရှိသေးဘဲ ဘယ်ဂျီယံကလပ်နဲ့အတူ ကြံ့ခိုင်မှုအတွက် သွားရောက်လေ့ကျင့်နေတာပဲဖြစ်ပါတယ်။ ရာသီကြိုတွေတုန်းကတော့ နည်းပြဆိုးရှားက ကြံ့ခိုင်မှု ပြသနာကြောင့် လူကာကူကို ထည့်မသုံးခဲ့ပါဘူး။

အင်တာမီလန်က ဂျူဗင်တပ်နဲ့ လူကာကူတို့ အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်သွားလို့ ထပ်မံကမ်းလှမ်းသွားမှာဖြစ်ပေမယ့် ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးမယ် သတင်းမကြားရသေးပါဘူး။

အန်ဒါလက်ဟာ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့အသင်းဖြစ်ပြီး လူကာကူက အန်ဒါလက်လူငယ်နည်းပြ အူဟာဘီရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်လေ့ကျင့်နေတာပဲဖြစ်ပါတယ်။