မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူး လူကာကူ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ အင်္ဂါနေ့မှာ ပြန်လာမယ်လို့ မျှော်လင့်ထားပေမယ့် ဘယ်လ်ဂျီယံသားက ပြန်မလာသေးဘဲ အန်ဒါလက်ခ်ျအသင်းနဲ့ အတူ ဆက်ရှိနေခဲ့တာကြောင့် ပြစ်ဒဏ်ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာဟာ ကလပ်အသင်း ခံစစ်မှူး စမောလင်းအတွက် မာဆေးဆိုဒ်ကလပ် အဲဗာတန်အသင်းဘက်က အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း စကိုင်းစပေါ့က ဖော်ပြသွားခဲ့ပါတယ်။

စမောလင်းဟာ ဒီဇင်ဘာကမှ မန်ယူနဲ့ ကာလရှည် သက်တမ်းတိုးထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လအထိ သက်တမ်းရှိနေတာပါ။ သူ့ရဲ့ စာချုပ်မှာတော့ နောက်ထပ် တစ်ရာသီ သက်တမ်းတိုးခွင့်လည်း ပါဝင်နေတာဖြစ်ပါတယ်။

မန်ယူ U21 အသင်းရဲ့ ရော့သာဟမ်နဲ့ ပွဲစဉ်မှာ လူငယ်တိုက်စစ်သမား မေဆန် ဂရင်းဝုဒ် မပါဝင်တာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ချယ်ဆီးနဲ့ ပွဲမှာ ဂရင်းဝုဒ် ပါဝင်ကစားခွင့် ရဖွယ် ရှိနေပါတယ်။

စပါးအသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင် အဲရစ်ဆန်အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ မန်ယူအသင်းကို တွန်းအားပေးထားကြောင်း သိရပါတယ်။ ဒါပေမယ့် နောက်ဆုံးရ သတင်းအရ အဲရစ်ဆန်ဟာ လာလီဂါကိုပဲ ပြောင်းလိုနေခြင်းကြောင့် မန်ယူဘက်က ဆက်လက် ကမ်းလှမ်းမှု ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ စကိုင်းစပေါ့မှာ ဖော်ပြထားပါတယ်။

Four Four Two က ရွေးထုတ်ထားတဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ခေါ်ယူမှု ၉ ခုထဲမှာ မန်ယူရဲ့ ဒန်နရယ် ဂျိမ်းစ်ကို ခေါ်ယူမှုလည်း ပါဝင်နေပါတယ်။

ချယ်ဆီးနဲ့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ မန်ယူအသင်းဟာ ချယ်ဆီးကို သရေသာ ကစားနိုင်မယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းထားပါတယ်။ ဂိုးရလဒ်ကလည်း တစ်ဖက် တစ်ဂိုးစီလို့ ဆိုထားပါတယ်။

လက်စတာစီးတီး ကနေ မန်ယူအသင်းထံ ဟယ်ရီမက်ဂွဲယားရဲ့ ပေါင် သန်း ၈၀ အပြောင်းအရွှေ့ ပြီးတဲ့နောက် မန်ယူ ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်က သူ့ထံ ကိုယ်ပိုင် အမှာစကား ပေးပို့ခဲ့ပါတယ်။ မက်ဂွဲရားဟာ ဖာဒီနန် ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၅ ကို ၀တ်ဆင်မှာပါ။

မန်ယူနည်းပြဟောင်း ဟိုဆေး မော်ရင်ညိုဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ နည်းပြအဖွဲ့ကို လူသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းနေတယ်လို့ သိရပါတယ်။