ချယ်ဆီးကွင်းလယ်လူ ဒရင့်ဝါးတားဟာ ဘန်လေအသင်းထံသို့ အငှားထွက်ကစားပြီဖြစ်ပါတယ်။ ချယ်ဆီးဘက်က ကစားသမားရဲ့ လုပ်ခကို မျှဝေ ကျခံပေးရမှာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့ထိ ၆ လတာ အငှားဖြစ်ပါတယ်။

ရိမ်းဂျားစ်နည်းပြ စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့နှစ် နွေက မေဆန်မောင့်ကို ရိမ်းဂျားစ်သို့ ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း မောင့်ရဲ့ ဖခင် ဖြစ်သူက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ပဲလေစ့်ဟာ တောင်ပံသမား ဇာဟာကို ဇန်နဝါရီ အပြောင်းအရွှေ့လို လာမယ့် ဈေးကွက်တွေမှာတော့ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပဲလေစ့်တိုက်စစ်သမားကို စိတ်ဝင်စားပြီး လာမယ့်နွေအတွက် ကြိုတင် သဘောတူညီမှုတစ်ခုကို ရဖို့ မျှော်လင့်နေတာပါ။

ချယ်ဆီး ခံစစ်မှူး ဒေးဗစ်လူးဝစ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် နောက်ဆုံးမိနစ်မှ မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့သွားပြီး ဘောလုံး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ လူးဝစ်ကတော့ သူ့ အနေနဲ့ စိန်ခေါ်မှု အသစ်တွေ လိုချင်လို့ ပြောင်းဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနဲ့ သုံးနှစ်တာကာလကို အဆုံးသတ်ပြီးနောက် လူးဝစ်က အာဆငနယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း၊ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီအပြောင်းအရွှေ့အပေါ် ချယ်ဆီးပရိသတ်တွေရော အာဆင်နယ် ပရိသတ်တွေပါ အံ့အားသင့်ခဲ့ကြတာပါ။

လူငယ်တိုက်စစ်မှူး အေဘရာဟမ်က ချယ်လ်ဆီးအသင်းရဲ့ ကျောနံပါတ် ၉ ကျိန်စာ ချေဖျက်ပြသနိုင်လိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း ခရစ်ဆူတန်က ထောက်ခံ အားပေးခဲ့ပါတယ်။

မက်ဂွဲယားဟာ စံချိန်တင် အပြောင်းအရွှေ့ မတိုင်ခင် ဖျားနာမှု ဝေဒနာ ခံစားခဲ့ရပေမယ့် တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ် မှာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အင်္ဂလန် ဗဟိုနောက်ခံလူက ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ ဒေးဗစ် လူးဝစ်နေရာ အစားထိုးဖို့အတွက် အပြောင်းအရွှေ့ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်လွတ်ကင်းချိန်ကျရင် ကစားသမားဟောင်း နေသန်အကီကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။